Feelings 50

422 34 1
                                    

မင်းကိုဘယ်လောက်ထိချစ်လဲလို့
တစ်ယောက်ယောက်မေးလာရင်
ဘယ်လိုပြန်ဖြေရမယ် ငါမသိဘူး....

ချစ်တဲ့အကြောင်းတွေတော့...
ပြောပြလို့ရတယ်....မင်းမသိပါစေနဲ့လို့
ကတိတွေအထပ်ထပ်တောင်းရင်းပေါ့.....

မင်းကိုချစ်လို့
ဝေးကွာခြင်းမှာ နေသားကျနိုင်အောင်
ဟန်ဆောင်နေရင်းနဲ့ ငါပြုံးနိုင်လာတယ်.....

မင်းကိုချစ်လို့
ငါ့နှလုံးသားကို မင်းဥပေက္ခာပြုတိုင်း
အဆင်ပြေပါတယ်ပြောရင်း....
မသိချင်ယောင်ဆောင်တတ်လာတယ်.....

မင်းကိုချစ်လို့
ငါ့အတွက်မဟုတ်တဲ့
အပြုံးချိုချိုတွေကို ပျော်ပျော်ကြီးငေးကြည့်ရင်း
စိတ်ကူးယဉ်ခဲ့ဖူးတယ်.....

မင်းကိုချစ်လို့
တစ်ခုခုဆို ခဏလေးငြီးငွေ့တတ်တဲ့ငါက
မင်းနဲ့ပတ်သတ်တဲ့ မီးစိမ်းလေးကိုတော့
နေ့တိုင်းမပြတ် စောင့်ကြည့်တတ်လာတယ်...

မင်းကိုချစ်လို့
နာကျင်ရမယ်မှန်းသိရက်နဲ့
တစ်ခြားတစ်ယောက်လက်ထဲကို
ငါကိုယ်တိုင်ဘဲ ထည့်ပေးခဲ့တယ်......

ဝေးကွာခြင်းက အကြီးမားဆုံးတံတိုင်းဆို
ဖြိုဖျက်ဖို့ငါမတွေးခဲ့ပါဘူး...မင်းရဲ့မလိုလားမုန်းတီးမှုတွေကို
ငါမခံနိုင်လို့.....

ဥပေက္ခာပြုခံရတိုင်း ငါလည်းလူဘဲ
ခံစားတတ်တာပေါ့....မွန်းကျပ်လောက်အောင်
နာကျင်နေလည်း မင်းမှမကြိုက်တာ
ငါမင်းသတိပြုမိအောင် လုံးဝမလုပ်ပါဘူး....

ပြုံးပါ.....ငါအနှစ်သက်ဆုံးက
မင်းရဲ့အပြုံးတွေပါ....အခြားတစ်ယောက်ကို
နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြရင်း ငါ့ကိုနာကျင်အောင်လုပ်ပါ...
ငါဘာမှမပြောဘူး....ဘာလို့ဆို....အဲ့အပြုံးတွေ့ရဲ့လားရာက
ဘယ်တော့မှ ငါ့အတွက်မဖြစ်နိုင်လို့....

အင်း.....ဘာမှမလုပ်ဘဲ
အချိန်တွေကုန်ခံပြီး မီးစိမ်းထိုင်ကြည့်ရတာလည်း.
ငါ့အတွက် ဝဋ်တစ်မျိုးဘဲ....ဘာလို့မှန်းမသိ...
မင်းprofileကမီးစိမ်းလေးက ငါ့ကို
မျက်စိမလွှဲနိုင်အောင် ဆွဲဆောင်နေတယ်
မင်းဘယ်သူနဲ့များ စကားတွေပြောနေမလဲဆိုတဲ့
အစိုးမရတဲ့ စိတ်တွေနဲ့ပေါ့......

ငါမခံစားရဘူးပြောရင်
အဲ့တာလိမ်တာဘဲပေါ့.....
ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ...
မင်းချစ်တာ ငါမှမဟုတ်ခဲ့တာဘဲလေ....

နေပါ နေမြဲတိုင်းနေပါ.....

ထုတ်မပြတော့တဲ့ ငါ့အချစ်တွေကို
မသိချင်ယောင်ဆောင်ရင်း ငါ့ကိုနာကျင်အောင်လုပ်ပါ....

Han_Me


FEELINGSWhere stories live. Discover now