Feelings 69

312 43 9
                                    

အဖြူရောင်ကို ကျွန်တော်သိပ်ကြိုက်တယ်....
ဟိုးအရင်ကလေးဘဝက ခင်ဗျားအပေါ်ထားတဲ့အချစ်တွေက
အဖြူရောင်နဲ့စတယ်..

အနီရောင်ကို ကျွန်တော်မြတ်နိုးတယ်....
တဆင့်တက်လာတဲ့ချစ်ခြင်းတွေမှာ....
အနီရောင်မြင်တိုင်း ကျွန်တော်ရင်ခုန်တယ်....

အပြာရောင်ကို ကျွန်တော်သိပ်ချစ်တယ်....
ခင်ဗျားကိုကြည့်တိုင်း ကျွန်တော့ရဲ့ကောင်းကင်ကို
ပြန်မြင်ရတယ်....

အမဲရောင်ကို ကျွန်တော်တပ်မက်တယ်....
ဘာအရောင်ဆိုးဆိုး မပြောင်းလဲတဲ့
ကျွန်တော့ချစ်ခြင်းလို...နှစ်လိုဖွယ်ကောင်းတယ်....

ဆိုးချင်တဲ့အရောင်ဆိုးပါ...
ဂုဏ်သတ္တိမပြယ်တဲ့ ကျွန်တော့အချစ်အမဲရောင်က
အမြဲတမ်း ခင်ဗျားအတွက်ရှိနေပါတယ်.......

Han_Me


FEELINGSWhere stories live. Discover now