|စိတ်ကောက်နေတဲ့ နှင်းဆီ|

2.6K 163 8
                                    

#ZiKun

အညိုရောင် အဖုံးနဲ့ စာအုပ်လေးဟာ ဟောင်းနွမ်းနေပေမယ့် ဖွင့်ဖတ်ချင်လောက်အောင် ဆွဲဆောင်မှုအားကောင်းနေသည်။ ဦးလေးက သူ့ စာကြည့်ခန်းကို လူတိုင်းပေးမဝင်ခဲ့ဖူး။ဒီနေ့တော့...လူကြီးတွေစကားပြောနေတဲ့ ကြားထဲ ပျင်းရိလေးကန်ကာ တပိန်ပိန် တလိန်လိန် ဖြစ်နေတဲ့ ကျွန်တော့် ကို စာကြည့်ခန်းထဲ ဝင်ခွင့် ပေးခဲ့သည်။

အရင်းခံစပ်စုချင် စိတ်ရှိသူ ကျွန်တော်ဟာ စာကြည့်စားပွဲရဲ့ သော့တန်းလန်းဖြစ်နေတဲ့ အောက်ဆုံးကအံလေးကို ဆွဲဖွင့်ပြီး အညိုရောင် အဖုံးနဲ့ စာအုပ်လေးကို ယူလိုက်သည်။

စာအုပ်ကဟောင်းနေပေမယ့် သပ်သပ်ရပ်ရပ်ရှိနေပုံဟာ တရိုတသေသိမ်းထားခဲ့မှန်းသိသာသည်။

ပထမဆုံး စာမျက်နှာရဲ့ အပေါ်ထောင့်လေးမှာ

|မပြောဖြစ်တော့မယ့်အကြောင်း
လေးတွေပေါ့ကွာ! B.O.O.G.I.E|

ဒုတိယ စာမျက်နှာ မှာတော့ ဘာမှမရေးထားဘူး။
တတိယ စာမျက်နှာ မှာတော့ ခေါင်းစဉ်တစ်ခုကို အရင်တွေ့သည်။


.....

စာသင်ခန်းထဲ ခြေသံပြင်းပြင်းနဲ့ဝင်လာတဲ့ လူဟာ ဘေးနားရှိခုံပေါ် လွယ်အိတ်ပစ်တင်ရင်း အခန်းအပြင် ပြန်ထွက်သွားသည်။

ကျောင်းမတက်ခင် နာရီဝက်လောက် လိုနေသေးတာမို့လို့ စကားပြောသူတွေ ဆော့နေတဲ့သူတွေနဲ့ အခန်းဟာ ဆူညံနေသည်။

စားပွဲခုံပေါ်လက်တွေခွေရင်းမှောက်ရက်အိပ်နေတဲ့ခေါင်းကိုစောင်းကာ...တစ်ဖက်စားပွဲခုံပေါ်က ကျောပိုးအိတ် အနီလေးကို ကြည့်နေမိသည်။

သူတို့နှစ်ယောက်ကြား လေထုဟာ သုံးလေးရက်လောက် အေးစက်နေအုံးမည်ထင်သည်။

ညက ပို့ခဲ့ မိတဲ့ မက်ဆေ့ခ်ျကို မနက်ရောက်မှ နောင်တရမိသည်။

ကိုယ်ဟာ...ယောက်ျားလေး တစ်ယောက် ဆိုပေမယ့် ထိုလူသားနှင့်ပတ်သက်လျှင် ခံစားလွယ်သည်။

ဒါကို စပြီးခင်မင်ရင်နှီးခဲ့တဲ့ အလယ်တန်းမှာ သတိမထားမိခဲ့သေး...အထက်တန်း ပထမနှစ်မှာ
သူနဲ့ကျွန်တော့်ကြား ကျောင်းပြောင်း သူငယ်ချင်းသစ် တွေ ရောက်လာတော့မှ သတိထားမိတာဖြစ်သည်။

သူငယ်ချင်းလေး |ZiKun|Where stories live. Discover now