|မင်းနဲ့ငါ့ရဲ့ကြားအုံ့ပုန်းအချစ်တွေ|

977 121 46
                                    


(ချစ်သူရဲ့ မျက်ဝန်းအိမ်ထဲ အိပ်မောကျချင်တယ်)

(ကိုယ့်အိပ်ပျက်ညတွေရဲ့အဓိကတရားခံကို ရှာတွေ့ချိန်....နှလုံးသားကမျက်ကွင်းညိုနေပြီ)

....

လမုန့်ပွဲတော်နေ့ နီးလာပြီ။
မနှစ်ကလမုန့်ပွဲတော်နေ့က...သူတို့နှစ်ယောက်အတူတူရှိမနေရဘူး။KunKun ဒေါ်လေး(WenJunအမေ)အိမ်မှာ အမျိုးတွေစုဆုံကြကာသားရတနာတွေထုတ်ကြွားနေတဲ့အတွက်ကြောင့်ဖြစ်သည်။

ဒီနှစ်...လမုန့်ပွဲတော်နေ့မှာတော့ ညဈေးတန်းအတူတူလျှောက်လည်ချင်သည်။
အင်း...ဒါကလဲ စိတ်ကူး လေး ပါပဲ။
KunKunက လူရှုပ်တဲ့နေရာတွေသွားရတာမကြိုက်ဘူးမဟုတ်လား။

Ziyi တွက်လက်စ Chemistry ပုစ္ဆာ က အဖြေရောက်ခါနီးမှ စတွက်ကတည်းက မှားနေမှန်းသိသည်။

ဟူးး...စာထဲလဲ စိတ်တွေ စုစည်းလို့မရပါလားနော်။

မှားနေတဲ့ ပုစ္ဆာ ကို ခဲတံနဲ့ခြစ်ချကာ စာမျက်နှာ အသစ်မှာထပ်တွက်ဖို့ပြင်လိုက်သည်။

"Ziyi...ငါတောင် သုံးပုဒ်ပြီးသွားပြီ မင်းအဲ့အပုဒ်ကို ပြန်တွက်နေတာ ငါးခါရှိသွားပြီ...ဘယ်နား နားမလည်လို့လဲ''

နားမလည်တာ မဟုတ်ဘူး...KunKunရေ!
စာထဲကို...စိတ်မရောက်တာ...။

နားလည်လည် မလည်လည် နားမလည်ဘူး ပြောရမှာပဲ...စာရှင်းပြနေတဲ့ နှုတ်ခမ်း ပွစိပွစိလေးကို ငမ်းရလဲ နည်းသလား -.-

"အင်း...KunKun ဒီနားမှာလေ ငါ သုံးတဲ့ ပုံသေနည်း မှားနေတာလား မသိဘူး!''

တွက်လက်စ စာအုပ်လေးကို KunKunနား တိုးပေးကာ Ziyi ကိုယ်လုံးကြီးကိုပါ ပြေးကပ်လိုက်သည်။

ခဲတံနဲ့ အကြမ်းတွက်ပြနေတဲ့ လက်သည်းခွံကြည်ကြည်ဝိုင်းဝိုင်းလေးတွေ...
လက်ချောင်းဖောင်းဖောင်းလေးတွေ...
လက်သည်းထိပ်ရဲရဲလေးတွေ...

ချစ်လိုက်တာ!

(ချစ်ရသူရဲ့...အစိတ် အပိုင်း တိုင်းကို မြတ်နိုး မိနေပြီ)

"KunKun...မင်း လမုန့်ပွဲတော်နေ့ WenJunတို့အိမ်သွားရအုံးမှာလား''

KunKunက ကိုင်ထားတဲ့ ခဲတံနဲ့ ကျွန်တာ့် နဖူးကို တောက်ကာ...

"စာရှင်းပြနေတာ ကို နားမထောင်ဘူး!''

သူငယ်ချင်းလေး |ZiKun|Where stories live. Discover now