|မသိလည်း... လွမ်းနေခဲ့တယ်|

857 116 16
                                    


"အဲ့တော့...နောက်ဆုံးမှာ ဖွင့်မပြောဖြစ်ခဲ့ဘူးပေါ့''

ပြောနေတုန်းကတော့ နားထောင်နေသလိုလို နားမထောင်ထောင်နေသလိုလိုနဲ့  ChengCheng သည် MingHao စကားဆုံးသည်နှင့် ပြန်မေးလိုက်တာကြောင့် အခုမှ ပြောရတာ အားရသွားသလိုပင်။

"ဆုံးအောင်တောင် မဖတ်ရသေးဘူး။ အဲ့နေ့က ဖေဖေက အစောကြီးလာကြိုတာနဲ့ ။ ဒီတပတ် စနေ ဦးဦး အိမ် သွားမှပဲ ဆက်ဖတ်ရတော့မယ်''

"ငါထင်တာ...အဲ့ဒါ မင်း ဦးလေး စာအုပ်တော့ မဟုတ်လောက်ဘူးထင်တယ်''

မျက်ခုံးပင့် ပြောနေတဲ့ ChengCheng ကို ကြည့်ပြီး MingHao က မျက်မှောင်ကျုံ့ကာ စဉ်းစားသည်။

"အဲ့ဒါဆိုလည်း...ဦးဦး သူငယ်ချင်း စာအုပ်နေမှာပေါ့''

ChengCheng က မူမမှန်တဲ့ အပြုံးကြီး ပြုံးပြီး ပြောသည်။

"ငါတို့ လောင်းကြမလား...အဲ့ ဒိုင်ယာရီ စာအုပ်အဆုံးမှာ ဖွင့်ပြော ဖြစ် ? မပြော ဖြစ် ? "

MingHaoကလည်း ထပ်မေးလိုက်သည်။

"လောင်းကြေးက?''

"ငါ နိုင်ရင် ငါမေးမယ့် မေးခွန်းကို ဖြေပေးရမယ်။ မင်းနိုင်ရင် ငါမေးမယ့် မေးခွန်းကို ပြန်မေး''

ယောင်ပြီး ခေါင်းညိမ့်မိပြီးသွားမှ MingHaoက လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်နဲ့ ChengCheng ပခုံးအစွန်းကို ရိုက်ချလိုက်ပြီး ပြောသည်။

"အဲ့လို လူလည်မကျနဲ့လေ''

ChengCheng ရယ်သံသြသြကြီးက မိုးစက်တွေကြား တိုးဝင်သွားပြန်သည်။

"ဒီနေ့...အိမ်က လာကြိုတာလည်း နောက်ကျလိုက်တာ''

ကားလာမယ့် လမ်းကို မျှော်ငေးရင်း လည်လေးတဆန့်ဆန့်နဲ့ MingHaoက ဆံပင်အုပ်အုပ်လုံးလုံးလေးနဲ့ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်သည်။

ဒီနှစ်မှ Belgium က ပြောင်းလာတဲ့ ChengCheng က နှစ်အောက်ပြီးမှ အထက်တန်းပြန်တက်တာကြောင့် MingHaoထက် အသက်ကြီးသည်။

နိုင်ငံရပ်ခြားက ကျောင်းပြောင်းလာတက်တဲ့ ChengCheng က အရပ်အမောင်းနဲ့ ရုပ်ရည်ကြောင့် နာမည်ကြီးသော်လည်း MingHaoကလွဲရင် ကျန်တဲ့ကျောင်းသားတွေနဲ့ ခပ်ကင်းကင်းသာနေတတ်သည်။

သူငယ်ချင်းလေး |ZiKun|Where stories live. Discover now