|မင်း သိဖို့လိုပြီ|

954 123 25
                                    

(ငါချစ်ရမှာ စိတ်ကူးရုံနဲ့ အသွေးအသားထဲက ပျော်နေတတ်ပြီ)

ဒီနေ့က ကျောင်းတက်ရတဲ့ နောက်ဆုံးရက်လေး တစ်ရက် ဖြစ်သည်။ စာသင်ခန်းတွေ အားလုံးက ဆူညံလို့နေကြသည်။

ကျောင်းသားတိုင်းရဲ့ အပေါ်ဝတ် အဖြူရောင် အင်္ကျီတွေဟာ ဆေးရောင်စုံမှုန့်တွေ ရောင်စုံဆော့ပင်နဲ့ ရေးထားတဲ့ စာတန်းတွေနဲ့ ပေပွလို့နေသည်။

'' Hey! အားလုံးကို ငါ တစ်ခု ပြောစရာရှိတယ်။ အဲ့ဒါက ငါ ဒီနှစ် ကျောင်းစတက် ကတည်းက ငါ့ရင်ထဲမှာ သိမ်းဆည်းထားတဲ့ ခံစားချက်တစ်ခုပဲ။ ကျေးဇူးပြုပြီး မင်းတို့ နားထောင်ပေးနိုင်မလား''

ကျောက်သင်ပုန်းရှေ့ထွက်ရပ်ပြီး အော်ပြောနေတဲ့ ZiYang ရဲ့အသံကြောင့် အခန်းဟာ ခဏတာ ငြိမ်ကျသွားသည်။

စာရေးခုံပေါ် တက်ထိုင်နေတဲ့ LinKaiက လက်ခုပ်တီးပြီး အော်ပြောလိုက်သည်။

'' ငါ တို့ နားထောင်ပေးမယ် ''

ZiYangက အခန်းထဲကလူတွေကို တစ်ချက်ဝှေ့ကြည့်ပြီး သက်ပြင်းရှိုက်ကာ ပြောသည်။

'' ငါ LingChao ကို အရမ်း သဘောကျတယ်။ မိုးကောင်ကင်နဲ့ ပထဝီ မြေကြီး ကို တိုင်တည်ပြီး ပြောမယ်။ ငါ LingChao ကို ချစ်တယ်! ''

'' ဝိုးးး! '' '' ဟာ...ဟေး လိုက်တယ် လိုက်တယ်'' '' LingChao ဘယ်မှာလဲ LingChao! ''

အာမေဋိတ်အသံတွေ နဲ့ အတူ ချစ်စရာ ရှက်ဝဲဝဲဟန်နဲ့ LingChaoကို အတန်းဖော်တွေဟာ လက်ခုပ်တီး အော်ခေါ်ပြီး ZiYang ရှေ့ရောက်အောင် အတင်းတွန်းပို့နေကြသည်။

ZiYang က LingChaoရှေ့ ဒူးတစ်ဖက်ထောက်ကာ ဘယ်ချိန်ကတည်းကလက်ထဲမှာ ရှိနေမှန်းမသိတဲ့ အဖြူရောင်နှင်းဆီပန်းစည်းကို မြှောက်ပေးရင်းပြောသည်။

'' ငါ့ကို လက်ခံပေးနိုင်မလား ''

LingChaoဟာ မတ်တပ်ရပ်ကနေပင် ZiYangလက်ထဲက ပန်းစည်းကို ယူပြီး ZiYangလည်ပင်းကို သိုင်းဖက်လိုက်သည်။

'' ရေးးး! ''

အားလုံးက ကာယကံရှင် နှစ်ဦးနဲ့အတူ ပျော်မြူးစွာ အော်ဟစ်ခုန်ပေါက်နေကြသည်။

'' အီးးး! ရင်ခုန်ဖို့ကောင်းလိုက်တာ ''

JungJung က အရောင်မုန့်တွေ ပေနေတဲ့ မျက်နှာလေးနဲ့ အားမလိုအားမရ ပြောတော့ WenJunက နဖူးကို တစ်ချက်နမ်းကာ ပြန်ပြောသည်။

သူငယ်ချင်းလေး |ZiKun|Where stories live. Discover now