|စေတနာ အမှန်ကို မင်းသိပါစေ|

821 117 26
                                    


(သဝန်တိုတတ်တဲ့ အကောင်ပေါက်လေး ငါ့ ရင်ထဲ ကိန်းအောင်းလာပြီ။)

(ချစ်သူတစ်ယောက်အနေနဲ့ မပိုင်ဆိုင်ရသေးခင်တောင် ငါ အခု လို ဖြစ်နေတာ...
မင်းသာ ငါ့အပိုင်ဆို ဖန်ပုလင်းငယ်လေးထဲ ထည့်သိမ်းထားမိမယ်ထင်တယ်...ဪ...အချစ်ရယ်)

.....

KunKun တို့ ခြံရှေ့ရောက်တော့ Ziyi စက်ဘီး ဘဲလ်ကို နှစ်ချက် ဆင့်တီးလိုက်သည်။

အရင်ဆို ဘဲလ် သံ ကြားတာနဲ့ ပြေး ထွက် လာတတ်တဲ့ ပုံရိပ်လေးကို မတွေ့ရဘူး။

လေး ငါး ချက် ဆင့် တီး လိုက်တော့မှ အိမ်ထဲက KunKun အမေ ထွက်လာသည်။

"ဪ...ဘယ်သူများလဲလို့! KunKunက သွားပြီလေ သားရဲ့! သူ့သူငယ်ချင်းဆိုလား ကောင်လေးက ခြေထောက်နာနေတာကို အိမ်ကို စက်ဘီး လာပြန်ပို့ပေးလို့ KunKunကပဲ တင်နင်းသွားလေရဲ့''

"ဗျာ...ဪ ဟုတ်! ဒါဆို သား သွားပြီနော် အန်တီ''

"အေးအေး...စက်ဘီး ဂရုစိုက် နင်း နော် သား''

"ဟုတ်''

(အဟား...နောက်တော့လဲ ငါက နောက်မှာ ကျန်ရစ်တာပါပဲ။)

(မချစ်ဖူးရင်တော့ သိမှာ မဟုတ်ဘူး...တစ်စုံတစ်ယောက်ကိုသူဟာ ကိုယ့်လို အရေးပေးနေပြီဆို...ရင်ထဲ ဗလာင်ဆူနေပြီ...ကိုယ်ပိုင်တဲ့ ကိုယ့်နေရာလေး ပျောက်သွားမှာ ကြောက်တဲ့စိတ်နဲ့...)

Ziyi စာသင်ခန်းထဲ ရောက်တော့ KunKun က Jeffreyနဲ့ Definition တွေ အော်ကျက်နေသည်။

စာသင်ချိန် ရောက်တော့လဲ ဖာသိဖာသာပဲ...
သူလဲ သူ့ဟာသူနေ ကိုယ့်လဲ ကိုယ့်ဟာကို နေ...

Break Timeပေးတော့ အောက်ကျသွားတဲ့ ဘောပင် ကုန်းကောက်နေတုန်း KunKun က Jeffreyနဲ့အပြင်ထွက်သွားသည်။

မင်းတောင် နေနိုင်သေးတာပဲ။ငါလဲ နေနိုင်ရမယ်။

နောက်ဆုံးတန်းမှာ...NongNongတို့ LinKaiတို့ကြားအတင်းဖြဲရဲတိုးဝင်ထိုင်ပြီး မှောက်အိပ်နေလိုက်သည်။

အတန်းချိန်တွေမှာလဲ အရှေ့တန်းကို လုံးဝ သွားမထိုင်တော့ဘူး။ စာသင်နေတုန်း စိတ်တွေက ပျံ့လွင့် ဟိုငေး ဒီငေး အတွေးတွေက တောင်အီ မြောက်အီ...

သူငယ်ချင်းလေး |ZiKun|Wo Geschichten leben. Entdecke jetzt