|ကြင်နာလို့ ချစ်ပါရစေ|

830 111 51
                                    


ဒီဇင်ဘာဆောင်းလေညင်းအေးအေးလေးနဲ့အတူပျံ့လွင့်လာတဲ့ ရွှေရောင်ခေါင်းလောင်းသံလေးတွေကို နေရာအနှံ့ကြားနေရသည်။

ဖြူဖွေးဖွေးနှင်းတွေကြား လှည်းယာဉ်တစ်စီးနဲ့လက်ဆောင်တွေလိုက်ပို့မယ့် Santa Clausကို ရင်ခုန်စွာ ဘေဘီလေးတွေစောင့်စားနေမယ့် ယနေ့ဟာ ခရစ္စမတ်နေ့ဖြစ်သည်။

(ငါထင်တယ်...လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒီဇင်ဘာ နှစ်ဆယ့်လေးရက်နေ့ ချမ်းအေးနေတဲ့ ညသန်းခေါင် မှာ အိပ်ပျော်နေတဲ့ ငါ့ရင်ခွင်ထဲ Santa Claus ပစ်ထည့်သွားတဲ့ လက်ဆောင်လေးက မင်းပဲလို့...)

....

ကျောက်သင်ပုန်းဘေးနားမှာ ခရစ္စမတ်သစ်ပင်လေးက အရောင်စုံ မီးသီးတွေ လင်းလက်ကာ ချိတ်ဆွဲထားတဲ့ အလှဆင် ပစ္စည်းသေးသေးလေးတွေကြောင့် မျက်စိပဒေသာ ဖြစ်စေသည်။

သို့သော်...ဘာမြင်မြင် ကလိချင် ကိုင်တွယ်ချင်တဲ့ ကျောင်းသားတွေကြောင့် အတန်းပိုင် ဆရာ Jackson Wangဟာ ခရစ္စမတ်သစ်ပင်နား သုံးပေအကွာတွင်သာ ကြည့်ရန်နှင့် ထိုသုံးပေထက်ပိုနီးစွာ သစ်ပင်နားကပ်လျှင် ဒဏ်ငွေပေးရမည်ဟု တစ်ချက်လွှတ်မိန့်ဆိုလေသည်။

အခန်းတိုင်းတွင် ခရစ္စမတ်နဲ့ပတ်သက်တဲ့ အပြင်အဆင်တွေကိုတွေ့မြင်ရသည်။ အတန်းငယ်များသည်လည်း အနီရောင် ထိပ်ချွန် ခရစ္စမတ်ဦးထုပ်တွေဝတ် နှုတ်ခမ်းမွှေးတွေတပ်ကာ စာသင်ခန်းရှေ့တွေမှာ သီချင်းလိုက်ဆိုကြရင်း စီနီယာကိုကိုတွေဆီက မုန့်ဖိုးအတင်းလုတောင်းကြသည်။

ကျောင်းပင်မဆောင်ရှေ့ assembly လုပ်သည့်နားတွင် နှင်းထူထူတွေကြား လူတစ်ရပ်ခွဲကျော်မြင့်သည့် ခရစ္စမတ်သစ်ပင်ကြီးသည် ကျောင်းကြီးနှင့်အတူ ဝံကြွားလို့နေသည်။

ထို့အပြင်...ဖွင့်ထုတ်မပြောရဲသော ရင်တွင်းခံစားချက်များကို ပို့စကတ် အတွင်း ရေးသားပြီး ချိတ်ဆွဲလို့ရသည့် ခရစ္စမတ်သစ်ပင်ကြီးလဲဖြစ်သည်။

ဥပမာ- ကျောင်းစားဖိုဆောင်က လက်ရှိ အဒေါ်ကြီး၏ လက်ရာ မကြိုက်ဘူးဟုလည်း ပြောနိုင်သည်။ အင်္ဂလိပ်ဆရာ Wu YiFan၏အချိန်တွင် ဖင်တုန်အောင် ကြောက်၍ စာလိုက်နားထောင်သော်လည်း အိပ်ချင်တဲ့ အကြောင်းပြောနိုင်သည်။ စာသင်ချိန်တွင် ဆရာ LuHan၏ ဘောဝါသနာပါကြောင်း နားမထောင်ချင်တော့အကြောင်း ပြောနိုင်သည်။ နောက်နှစ်တွေမှာ ယောက်ျားလေး သီးသန့်မထားဘဲ မိန်းကလေးတွေနဲ့ပါ စာသင်ချင်ကြောင်းပြောနိုင်သည်။ ကာယချိန် ပို့ထည့်ပေးဖို့အကြောင်း ၊ ဆရာတွေကိုချစ်သော်လည်း သင်တဲ့စာတွေအပေါ် မေတ္တာ မထားနိုင်ကြောင်း ၊ အားလပ်ရက်ပိုပေးပြီး ခရီးစဉ်တွေကိုလဲ အချိန်မှန် လိုက်ပို့ပေးဖို့အကြောင်း နဲ့ ကျောင်းအတွင်း တစ်စုံတစ်ယောက် အပေါ် မည်သည့် ခံစားချက်မဆို လေးနက် လျှင် ယနေ့တွင် ပို့စကတ်မှ တစ်ဆင့် ဖွင့်ပြောနိုင်ကြောင်း အစရှိသဖြင့်...ကျောင်းအတွင်း ပျော်စရာရွှင်စရာတွေနဲ့ ပြည့်နှက်နေတဲ့ နေ့လေးတစ်နေ့ ဖြစ်သည်ပေါ့။

သူငယ်ချင်းလေး |ZiKun|Where stories live. Discover now