P.17(Zawgyi+Unicode)

5.5K 773 84
                                    

🌚F.A🌚

Zawgyi

စိတ်​ပညာဌာန​ရှေ့က ​မေပယ်​လ်​ပင်​​အောက်​..
မတ်​တပ်​ရပ်​​နေရင်းနဲ့​ခေါင်းငုံ့ကာ
မြေကြီး​တွေထဲကို
စီး​နေကျ Balenciaga ရှူးဖိနပ်​ထိပ်​​လေးနဲ့
ထိုး​နေရင်း...Chanyeol ​စောင့်​​နေမိသည်​။

ဒီ​နေ့က စာ​မေးပွဲ​နောက်​ဆုံး​နေ့ဖြစ်​ပြီး
Chanyeol အပိုင်​ဆုံး Paper5လည်းဖြစ်​တာ
ကတစ်​​ကြောင်း.....
Baekခ​လေးက သူအကြိုက်​ဆုံး
Yixing Fansite က Season greetingထုတ်
တာကို ဝယ်​​ပေးပါဆိုလို့ ​ငွေသွားလွှဲဖို့ရှိတာက
တစ်​​ကြောင်း​ကြောင့်​.....
ဖြေဆိုချိန်​ ၃နာရီမှာ တစ်​နာရီခွဲတာနဲ့ ထွက်​လို့
ရတာမို့ Chanyeol ထွက်​လာပြီး​စောင့်​​နေခြင်း
ပင်​....။

တစ်​ဆက်​တည်း ​မေပယ်​လ်​ပင်​​အောက်​က
ခုံတန်း​လေးကိုကြည့်​မိ​တော့ Chanyeol
နှစ်​နှစ်​ခြိုက်​ခြိုက်​ကို ပြုံးမိ​လေရဲ့....။

သူ့ကိုစိတ်​ဝင်​စား​နေမိ​ကြောင်း
Album ၂ချပ်​​လက်​​ဆောင်​​ပေးရင်း
ဖွင့်​​ပြောခဲ့ရာ​နေရာ​လေး...။

အဲ့တုန်းက ရင်​တုန်​ပန်းတုန်​နဲ့ ထိုင်​ပြီးစကား
ပြောခဲ့ကြတာ.....
အတိတ်​ကအမှတ်​တမဲ့​လေး​တွေက
အခု​တော့အမှတ်​တရဖြစ်​လာခဲ့ပြီ...။
ဒီ​မေပယ်​လ်​ပင်​ကြီးရယ်​...ခုံတန်း​လေးရယ်​ကို
နောင်​တစ်​ချိန်​အသက်​​တွေကြီးလို့ ​ကျောင်းကို
လာဖြစ်​ကြရင်​.....Baekရဲ့ပုခုံး​လေးဖက်​ပြီး
ကြည်​နူးစွာ ရင်​ခုန်​စွာပြန်​လည်​​ပြောပြရမည်​။

"ဟိတ်​...ကို"

အ​တွေးလွန်​​နေရာက ရုတ်​တရက်​ပုခုံးကိုလှမ်း
ပုတ်​လို့လန့်​သွား​ပေမဲ့ သုံးလိုက်​တဲ့အ​ခေါ်အ​ဝေါ်​လေးနဲ့ အသံ​လေး​ကြောင့်​....
ထွေ​ထွေထူးထူး လန့်​မ​နေမိ​တော့....

"က​လေး...​​ဖြေနိုင်​ရဲ့လား"

"ဒါ​ပေါ့ ကိုရဲ့....အား........စာ​..
မေး....ပွဲ...ကြီး...ပြီး...ပြီ...ကွ!!...​ရေး!!"

လက်​သီးလက်​​မောင်း​တွေတန်းကာ
အော်​ဟစ်​ရင်း​ပျော်​​နေတဲ့ သူ့ကို
Chanyeol ပြုံးကာကြည့်​​နေမိသည်​။

🌚F.A🌚 [Completed]Where stories live. Discover now