P.22

6.2K 732 88
                                    

အောက်​မှာ ပြင်​ထားတာ​လေးရှိပါတယ်

🌚F.A🌚

"ကဲ..​ပြောပါအုံး...တစ်​ခါမှရည်းစားမထားဖူး
ဘဲ...အခုလိုရည်းစားရ​တော့လည်း
ကြည့်​​ကောင်းပြီးရုပ်​​ချောတဲ့ဘဲကြီးကိုရတာ
ပျော်​ရဲ့လား😏"

ဟုတ်​သည်​​လေ...
စာ​မေးပွဲ​ဖြေပြီးတည်းက Sehunတို့မ​တွေ့ဖြစ်
ကြတာ တစ်​ပတ်​ပင်​​ကျော်​ပြီ..

အရင်​​ကျောင်းပိတ်​တုန်းကဆို...
ကျ​နော်​နဲ့ Luhanကို ငြိမ်​ငြိမ်​မ​နေရ​အောင်
တစ်​နည်းမဟုတ်​တစ်​နည်းနဲ့​နှောင့်​ယှက်​​နေကြ

အခုများကျ​တော့ လ​ဒ​ကောင်​က
အဆက်​အသွယ်​​တောင်​မလုပ်​တဲ့အပြင်
ကျ​နော်​တို့​ခေါ်​တော့လည်း ရုပ်​ကအိုကျ​နေတာ
ဆို​တာ....

ကျ​နော်​နဲ့Luhanကြိုက်​တုန်းက​တော့ဖြင့်
မျက်​​စောင်း​တွေထိုး
မနာလိုပြီးမကြား​ကြား​အောင်
ပတွတ်​ ပတွတ်​​တွေ​ပြော...
ကျ​နော်​တို့ကိုတင်​မကဘူး
အတွဲမှန်​သမျှကိုပြတ်​ပါ​စေ ဆု​တောင်း
နေတဲ့အ​ကောင်​..

ကဲ..ထား​တော့..သူ့အ​ကြောင်း​ပြောရရင်
မ​သေ​ဆေး​သောက်​ပြီး​ပြောရင်​​တောင်
မ​သေ​ဆေးသာအစွမ်းပြယ်​ပြီး​သေသွားလိမ့်​မည်
ပြောတာက​တော့ပြီးမှာမဟုတ်​...
ရှေ့က ​ကော်​ဖီခွက်​ကိုင်​ပြီးမှိုင်​​တွေ​နေတဲ့လဒကို
ဘာဖြစ်​​နေတာလဲ​မေးရအုံးမည်

"​ဟေ့​ရောင်​ Baekhyun ရုပ်​ကအိုတွ​နေတာပဲ
ဘာဖြစ်​​နေတာလဲလို့"

ကျ​နော်​လည်းစိတ်​မရှည်​​တော့သလို
ဘေးကချစ်​သူ​လေးလည်းမရှည်​​တော့​ပေ...

နှစ်​​​ယောက်​စလုံးမျက်​​မှောင်​​တွေကြုတ်​ရင်း
ရှေ့က​ လဒကိုကြည့်​​နေလိုက်​သည်​။

"ဟူး......လွမ်းလို့ကွာ...."

"မင်းဘဲကြီးကိုလား...သူကဘယ်​သွားလို့လဲ"

"ဂျယ်​ဂျူကိုသွားတယ်​ကွ...ဟူး...မ​တွေ့ရ​တာ
သုံးရက်​ရှိပြီ...သူဒီ​နေ့ည​နေပြန်​​ရောက်​မယ်
ပြောတာပဲ...အမ​လေး...ည​နေပိုင်း​ရောက်​ပါ​တော့ကွာ~"

🌚F.A🌚 [Completed]Where stories live. Discover now