EXTRA

6.1K 506 34
                                    

🌚F.A🌚

"ကိုရေ....သမီးလေးကို ဒါလေးခွံ့ထားပါအုံး..
ဘေဘီအိမ်သာသွားချင်လို့ "

"အင်း Baek...ကိုယ်လာပြီ"

ညနေဘက်ရေမိုးချိုးပြီး ဧည့်ခန်းထဲဂိမ်းဆော့နေ
တုန်း...
သမီးလေးရှင်းမီကိုဖြည့်စွက်စာကျွေးနေတဲ့
Baek က ပြောလာတာမို့...
Chanyeol ထမင်းစားခန်းထဲဝင်လာလိုက်ရင်း
သမီးလေးကို baek လက်ကနေ
ပွေ့ချီယူလိုက်သည်။

တစ်ခါလည်အရွယ်ရောက်နေပြီဖြစ်တဲ့

သမီးက တအားအေးသလို...တအားလည်း
လိမ္မာသည်..။ သူများကလေးတွေဆို
ထမင်းကျွေးရင် ငြိမ်ငြိမ်နေတာမျိုးမရှိပေမဲ့..
သမီးလေးက အဲ့လိုမဟုတ်...
ငြိမ်ငြိမ်လေးပေါင်ပေါ်ထိုင်ရင်း
Chanyeol ခွံ့သမျှစားနေတာ....။
တအားချစ်ဖို့ကောင်းလွန်းလှတာမို့
ဖောင်းဖောင်းလေးဖြစ်နေတဲ့ပါးလေးတစ်ဖက်
ကိုရွှတ်ခနဲနမ်းလိုက်ရင်း....

"အာ.....သမီးလေးရေ..နောက်ဆုံးတစ်လုပ်..
ဟ...အာ...."

"အိုး....တော်လိုက်တာကွာ....ဒယ်ဒီ့သမီးလေးကအကုန်စားနိုင်တာပဲ...ရွှတ်"

ထမင်းကျွေးပြီးတာမို့ အခန်းထဲက
ကစားကွင်းလေးထဲချပေးထားဖို့အတွက်
မတ်တပ်ရပ်လိုက်ရင်း ချီထားတဲ့အခါ...
တစ်ခစ်ခစ်ရယ်ရင်း သူ့ကိုကြည့်နေလေရဲ့..။
အသားလေးတွေက ဝင်းဥပြီး...
မျက်လုံးလေးတွေက ဖန်လုံးလေးတွေလို
ကြည်တောက်နေတဲ့ သမီးလေးဟာ...
ကြီးလာရင်....သူ့အာပါးလို
FAဖြစ်မှာမဟုတ် ဘဲတွေဝိုင်းဝိုင်းလည်နေမဲ့
ရုပ်လေး...။

ကစားကွင်းလေးထဲချပေးထားရင်း
Chanyeol အခန်းထဲက ထွက်လာလိုက်သည်
ထမင်းကျွေးပြီးတာကြာနေတာတောင်
Baek က အိမ်သာတည်းကထွက်မလာသေး
ပေ....။

"Baek ရေ....ဘေဘီရေ....ကြာလိုက်တာကွာ
အိမ်သာထဲကျနေပြီလား"

"လာပြီ ကိုရဲ့.....တကယ်ပါပဲ ပြောနေလိုက်
တာဆိုတာ...လာပြီလာပြီ!!!"

လာပြီသာပြောတာ အခုထိထွက်မလာသေး
တာမို့..Chanyeol သိလိုက်ပြီ

🌚F.A🌚 [Completed]Where stories live. Discover now