P.24

5.2K 634 56
                                    

🌚F.A🌚

အချိန်တွေကသိပ်မြန်လွန်းသည်။

ကျနော့်မျက်နှာတစ်ချက်တောင်မညိုးစေရတဲ့
အထိချစ်ပေးတဲ့ ကို နဲ့အတူ..
ချစ်သူသက်တမ်းကိုကျော်ဖြတ်လာတာ..
အခု ကျနော်နောက်ဆုံးနှစ်မှာ ၄နှစ်ရှိခဲ့ပြီ..။

ဒီကြားထဲ သူ့ကို စိတ်လည်းကောက်ဖူးသည်။
လူကြားထဲလည်းဖက်နမ်းဖူးသည်။
သူ့အဖေCompanyမှာအလုပ်လုပ်နေတဲ့
ကို က နယ်ဘက်ဆင်းပြီးပြန်လာတိုင်း
သူ့တိုက်ခန်းထဲ အလွမ်းတွေအတိုးချကာ
အသက်ရှူရပ်မတတ်နမ်းဖူးသည်။
ကျန်းရီရှင်းရဲ့ Concertတွေကို နှစ်ယောက်
သား Lightstick တွေကိုင်ပြီး သွားဖူးသည်။

၎နှစ်ဆိုတဲ့အချိန်အတွင်းမှာ ရည်းစားဘဝကို
သန့်သန့်လေး ဖြတ်သန်းခဲ့ကြသည်။

တစ်ချို့ရည်းစားတွေလို အတူအိပ်တာမျိုး
ချစ်တင်းနှောတာမျိုးတွေမရှိခဲ့..။

ကျနော့်မျက်နှာကိုနမ်းတာကလွဲပီး
လည်ပင်းကိုတောင် ကို က အဆင့်တက်ပြီး
မနမ်းခဲ့ဖူးသူ...။

အရာရာကိုကျနော့်အတွက်ပဲကြည့်ပြီး
ကျနော့်ကိုချစ်ပေးတဲ့ ကို နဲ့
ထာဝရသက်ဆုံးတိုင် နှစ်ကိုယ်တူနေသွားကြဖို့
ဆုံးဖြတ်ပြီးကြပြီဖြစ်သည်။

အရင်တုန်းက ကျန်းရီရှင်းသာနံပါတ်တစ်..
ကို့ကို ကျနော့်နှလုံးသားရဲ့နံပါတ်တစ်လို့မသတ်
မှတ်ခဲ့ပေမဲ့
အခုတော့ ကိုက နံပါတ်တစ်ဖြစ်ခဲ့ပြီ..။

ဒီလိုပြောလို့ ရှင်းကိုနံပါတ်တစ်မဟုတ်တော့
တာမဟုတ်ပါဘူး...
Idolကို ချစ်တဲ့အချစ်နဲ့
ကိုယ့်ချစ်သူကိုချစ်တဲ့အချစ်တူမှမတူဘဲ...

ကို ရော..ရှင်းရော...ကျနော့်ရဲ့နံပါတ်တစ်
တွေ...

သူတို့နှစ်ယောက်မရှိဘဲကျနော်မနေနိုင်ဘူး
ငယ်ငယ်တည်းက Support ရင်းချစ်လာခဲ့ရတဲ့
ရှင်း မရှိလို့လည်းမရ...ကျနော့်ရဲ့တစ်နေ့တာ
လုံးက သူလည်းမပါလို့မရပေ..။

Boyfriend Materialဂုဏ်နဲ့ညီတဲ့
ကျနော့်ချစ်သူကလည်း ကျနော့်တစ်နေ့တာလုံး
မပါလို့မရပေ
ဒါကြောင့် နှစ်ယောက်လုံးကနံပါတ်တစ်..။

🌚F.A🌚 [Completed]Where stories live. Discover now