P.25

5K 646 54
                                    

🌚F.A🌚

"ကားကညာမောင်းဖြစ်နေတာ
ကံကောင်းသွားတယ်..ဘယ်ဘက်ကဝင်လာ
တဲ့ကားက ဘယ်ခြမ်းကိုတိုက်လိုက်တာဆိုတော့
ဘာမှကြီးကြီးမားမားဒဏ်ရာမရှိပါဘူး...
ခေါင်းနည်းနည်းပေါက်သွားတာမို့
၃ချက်ချုပ်လိုက်ရတယ်..သတိကမရသေးတာ
မို့စောင့်ကြည့်လိုက်ပါအုံး...
ဒါပေမဲ့ ၂၄နာရီအတွင်းသတိပြန်မလည်လာ
ရင်တော့ စိုးရိမ်စရာပါ...
ဒါဆို..ခွင့်ပြုပါအုံး''

ဆရာဝန်ကြီးရဲ့မှာကြားချက်တွေအပြီးမှာ..
Baekhyun ကိုင်ထားတဲ့ သူ့လက်တွေကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းငိုမိသည်။

ကို့ရဲ့အမေရော အဖေရောကို ခုနကမှ
Sehunအကြောင်းကြားထားတာမို့
မရောက်လာကြသေး....

၂၄နာရီအတွင်း
ဘေဘီ့ဆီပြန်လာပေးပါကိုရယ်...
ကို မရှိလို့မဖြစ်ဘူး..ကို မရှိဘဲ ဘေဘီမရှင်သန်
နိုင်လို့ပါ...

"အီး..သတိရပါတော့ကိုရယ်....
ဘေဘီစောင့်နေတယ်လေ...နော်''

"အဲ့လောက်စိုးရိမ်မနေပါနဲ့ Baekhyunရယ်
Hyungက သတိရလာမှာပါကွာ....
မငိုနဲ့တော့...Hyungသတိရလာမှာသေချာ
တယ်"

ကျနော့်ကျောကိုခပ်ဖွဖွပုတ်ရင်း
နှစ်သိမ့်ပေးနေတဲ့ Sehun ကိုဘာမှပြန်မပြော
နိုင်...

မျက်ခွံလေးတွေ မှိတ်ရင်း
အိပ်ပျော်နေတဲ့ ကို့မျက်နှာကိုသာငေးကြည့်နေမိသည်။

ကို မရှိရင် ဘေဘီမရှင်သန်နိုင်ဘူး....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူသတိမေ့နေတာ အခုဆို၁၄နာရီရှိပြီ

"မျက်ခွံလေးတွေပိတ်ထားရတာ...
လှဲနေရတာ...ညောင်းရောပေါ့ ကိုရယ်..
ဘေဘီ ကို့လက်ကိုကိုင်ထားရင်းစောင့်နေတာမို့
သတိရတော့လေ...ကိုရဲ့..''

မနက် ၅နာရီရှိနေပြီဆိုပေမဲ့...
ကျနော်မအိပ်နိုင်သေး...
၂၄နာရီစောင့်ကြည့်ရမဲ့အခြေအနေမှာ...
၁၄နာရီကုန်သွားခဲ့ပြီ...။

စိုးရိမ်စိတ်တွေတရိပ်ရိပ်တက်လာတာမို့..
ကို မြန်မြန်ထလာပါတော့...

🌚F.A🌚 [Completed]Where stories live. Discover now