Part 1

10.5K 188 8
                                    


နာရီကိုကြည့်မိလိုက်သည် 11:50 ရှိနေဘီ မကြာခင် ပြီးဆုံးတော့မည့် စာမေးပွဲအကြောင်း စဉ်းစားလိုက်ကာ နောက်ဆုံးတစ်ကြိမ် ဖြေထားသောစာများကို စစ်လိုက်သည်🤩

ခေါင်းလောင်းတီးလေဘီ............
ကလောင်...ကလောင်.....ကလောင်......
ကျောင်းသားများ ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် ကိုယ်စီလွယ်အိတ်လွယ်ကာ စာမေးပွဲဖြေသည့်အဆောင်မှထွက်လာကြလေသည်
အဖြေလွှာစာရွက်ကို ဆရာမဆီသို့ပေးပြီး ခဏစောင့်နေရသည် အဖြေလွှာစာရွက်ကို သိမ်းပြီးသည်နှင့်တပြိုင်နက် အခန်းစောင့်ဆရာမများက "ထွက်လို့ရဘီ" ဟူသောစကားနှင့်အတူ အခန်းထဲက ကျောင်းသားကျောင်းသူများ မြန်မြန်ထွက်လာကြသည်😩

တိုက်မိသူကတိုက်မိ
လွယ်အိတ် ပျောက်နေသူက ရှာနေ
အဖြေတိုက်နေသူများကအဖြေကိုတိုက်
အပျော်လွန်ပြီးအကျယ်ကြီးအော်နေသူများက အော်ဟစ်ပျော်မြူးနေကြလေသည်
ကျွန်တော်တို့ဘဝတစ်ဆစ်ချိုး တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကြီး ဆယ်တန်းစာမေးပွဲကြီး ပြီးဆုံးလေဘီ😌

တစ်ယောက်ထဲအခန်းထဲမှထွက်လာသောကျွန်တော်၏ပခုံး နောက်မှလူတစ်ယောက် လက်ဖြင့်ကိုင်လိုက်သည်.......
"ဈာန် ဒီနေ့ငါတို့ရုပ်ရှင်သွားကြည့်မာနော် မေ့မှာဆိုးလို့ ငါထပ်ပြောတာနော်"ဟု လင်းမှပြောလိုက်သည်
"သိပါတယ် လင်းရာ ငါတို့ junction cityမှာဆုံမယ်နော်ဟုတ်ပီလား အခုတော့ ငါအိမ်ပြန်အင်္ကျီလဲလိုက်အုန်းမယ်နော်"ဟုကျွန်တော်ကပြောလိုက်သည်😇

လင်းဟူသည်မှာ တခြားသူမဟုတ် ငယ်ငယ်ထဲက ကျွန်တေည်နဲ့ခင်လာသော "လင်းရောင်နီ"ဖြစ်သည် ကျွန်တော်တို့က သူငယ်ချင်းဖြစ်သဖြင့် "လင်း"လို့သာ အဖျားဆွတ်ခေါ်လိုက်တော့သည် လင်းက LGBT တစ်ယောက်လေ သူနဲ့ပေါင်းရလို့လူအများအမြင်မှာအထင်သေး အမြင်သေးကြလည်း ကျွန်တော် ဂရုမစိုက်နိုင်ဘူး သူငယ်ချင်းတစ်ယောက်LGBTဖြစ်လို့ပစ်ရမယ်ဆိုရင် ကျွန်တော် ဘယ်သူနဲ့မှပေါင်းရတော့မှာမဟုတ် ကျွန်တော်တို့ သူငယ်ချင်းအုပ်စုမှာ သူငယ်ချင်း ၇ယောက်ရှိတယ်လေ ၂ယောက်က Tom boy လင်းကလဲ gay တစ်ယောက်👨‍❤️‍👨

ဒီကြားထဲ အဖွဲ့ထဲမှာ Fa 2ယောက်ပါသေး ကျွန်တော်နဲ့ လမင်းဆည်းဆာဆိုသော လမင်းနဲ့ လေ
ကျွန်တော်ကတော့ အဲ့ဒီအချစ်ဆိုတာကြီးကိုစိတ်လဲမဝင်စားဘူး ကြိုက်လဲမကြိုက်ဘူး အဲ့လိုနေရတာ ပီးတော့ ကျွန်တော့်ဘဝမှာ အချစ်ခံရတဲ့နေ့တွေကုန်သွားပြီလေ
ကဲကဲတွေးနေတာတွေရပ်ပြီး လူရှင်းတဲ့အချိန်ရောက်မှကျွန်တော် ကျောင်းတံခါးပေါက်ကို သွားလိုက်တယ်
"သားဖြေနိုင်လား ". "မေမေရာလွယ်လွယ်လေးတွေပါ ဖြေနိုင်ပါတယ်" ကျောင်းရှေ့ကသားအမိပြောစကားလေးတွေကိုကြားလိုက်ရသည် "အဖေသမီိးတော့ 80ကျော်ပါ့မလား"သမီးရယ်အစိုးအရိမ်တွေကြီးမနေပါနဲ့"သမီးဖြေနိုင်မာပါ"သမီးရယ်အလိုလိုဖြစ်သွားမှာပါဟုတ်ပီလား" ငိုနေတဲ့သမီးကို ချော့နေတဲ့ အဖေ စသူတို့နဲ့ ကျောင်းရှေ့တံခါးမှာ လူတွေပြည့်နေလေသည် 👨‍👩‍👧‍👦

ချစ်သောမောင့်ကို မုန်းရမည်...........😥(ချစ်သောမောင့်ကိုမုန်းရမည်............😥)Where stories live. Discover now