Part-8

1.1K 39 0
                                    

ယနေ့မနက်ခင်းက စိတ်ကိုကြည်လင်စေနိုင်သည်ဟု ထင်မိ၏။သို့သော် ထိုသို့မဟုတ်ပါ၊မနက်ခင်းတိုင်းသည်အတူတူပင် လူ့စိတ်ကသာ အမျိုးမျိုးပြောင်းနေခြင်းဖြစ်၏။တံခါးbellကိုလည်းတစ်စုံတစ်ယောက်က တီးနေသည်မှာ အလွန်ပင်ကြာနေသည်။🛎️🛎️🛎️မည်သူမှလည်းမဖွင့်၊အိပ်ရာဘေးနားတွင်ရှိသော စားပွဲခုံပေါ်ရှိနာရီကို ဈာန်ကြည့်လိုက်သည်။၉နာရီထိုးနေပြီ။ဖေဖေနဲ့မေမေအလုပ်သွားသည်က ၈နာရီထဲကဖြစ်၏။အိပ်ချင်မူးတူးနှင့် အဆက်မပြတ်တီးနေသောသူကို *လာပါပြီ"ဟု အော်ပြောလိုက်သည်။တံခါးကို ဖွင့်လိုက်သောအခါ တစ်ကိုယ်လုံးကို ရေများဖြင့်စိုရွဲကုန်၏။အိမ်ရှေ့တွင်ရောက်နေသောသူအား ဒေါသမျက်လုံးများနှင့်ကြည့်လိုက်သောအခါ လင်းနှင့်သူငယ်ချင်းတစ်စုဖြစ်သည်။အိပ်ခန်းထဲမှ ထွက်လာသော ဖေဖေနှင့်မေမေမှာ ပြုံးစိပြုံးစိပင်။*ရ..........လင်းလုပ်ချလိုက်ပြန်ပြီ၊ဘာလုပ်တာလဲ။"ဟု ဈာန်ဒေါတကြီးပြောသောအခါ *ဈာန်ရေ နာမည်ပြောင်းလိုက်တော့ ကိုဖိုးမေ့ဆိုပြီး"ဟု လင်းကအဆက်မပြတ်ရယ်ပြီးပြောလိုက်၏။မေမေက *သားရယ် ဘယ်လောက်တောင်မှ စိတ်တွေဘယ်နေရာတွေဆီရောက်နေလို့ သင်္ကြန်ရောက်တာတောင်မမှတ်မိရတာလဲ"ဟုမေးတော့မှ ဒီနေ့သည်သင်္ကြန်အကြိုနေ့မှန်းဈာန်သိလိုက်၏။*ကဲသွားသူငယ်ချင်းတွေနဲ့လျောက်လည်မှာမလား၊မေမေတို့ကို ဟိုတစ်နေ့ကပဲခွင့်တောင်းထားတယ်လေ၊ကဲကဲလုပ်တော့သူငယ်ချင်းတွေစောင့်နေရလိမ့်မယ်"၊ဈာန်ကရေချိုးခန်းထဲသို့ အမြန်ဝင်သွားပြီး ခပ်မြန်မြန်ရေကို ချိုးလိုက်၏။*အမေတို့အဖေတို့ကကော ဘာလုပ်နေကြမှာလဲ။အမေတို့ကအိမ်မှာပဲ ဥပုသ်စောင့်နေကြတော့မယ်" ဟုမေမေကဆိုသည်။သင်္ကြန် Fashionကို ဈာန်မနေ့ထဲကရွှေးပြီးမို့ အဝတ်အစားအတွက်တော့စိတ်ပူစရာမလို။hoodie အနက်ရောင်လေးနှင့်ဂျင်းဘောင်းဘီအရှည်၊အထဲတွင် အင်္ကျီခပ်ပါးပါးတစ်ထည်၊နေလောင်မည်ဆိုးသောကြောင့် နေကာမျက်မှန်၊ဦးထုပ်တစ်လုံး၊maskတစ်ခုကိုပင် လိုလိုမယ်မယ်ယူထားလိုက်၏။Lighttruck တစ်စီိးလုံးကို သူငယ်ချင်းများက စု၍ငှားကြသည်။ရေပက်ခံထွက်လည်း ဤကားနှင့်၊ရေပက်မည့် မဏ္ဍပ်ကိုလည်း ဤကားဖြင့်သာသွားကြမည်။စီးပွားရေးရှင်များ၏သားသမီးတွေဖြစ်သည့်အလျှောက် ကြိုက်သောမဏ္ဍပ်ကို ထိုင်နိုင်၊သွားနိုင်သောသူများသာ၊မဏ္ဍပ်ကိုလည်း တစ်နေ့နှင့်တစ်နေ့မတူသွားမည့်ဟု ရှင်းသန့်ကစီစဉ်ထား၏။ရှင်းသန့်၏နာမည်အရင်းမှာ *ဖြူစင်ရှင်းသန့်"၊နာမည်ကသာမိန်းမဆန်၏။လူပုံစံက Tom boyပင်၊မိမိတို့သူငယ်ချင်းအုပ်စုထဲမှ Tom boyတစ်ယောက်ပင်။သူမ၏အဖေနှင့်အမေကတော့ သူမအားမနိုင်တော့သော်လည်း လက်မြှောက်အရှုံးပေးလိုက်ပြီ။*ကဲကဲ ဒီနေ့သွားမည့် မဏ္ဍပ်ကတော့.......ဒန့်ဒန့်
ဒန်.....အဖေ့အစားသွားပေးရမဲ့ *G-SHOCK" မဏ္ဍပ်ဖြစ်ပါတယ်......"ဟု ရှင်းသန့်ကဆို၏။အဆိုပါမဏ္ဍပ်တွင် အနုပညာရှင်များလည်း ထိုင်လေ့ရှိ၏။*ပထမဆုံးစတိုးဆိုင်တစ်ခုဝင်မယ်၊ပြီးတော့သွားမယ် ဖုန်းရေစိုခံအိတ်တွေဝယ်အုံးမယ်"ဟုပွင့်ဖူးမှပြောသည်။ပွင့်ဖူး၏ နာမည်အရင်းဆိုသည်မှာလည်း*ပွင့်ဖူးရတီ"ပင်၊သူမသည်လည်းရှင်းသန့်ကဲ့သို့ပင်။လမင်းကသာ ဘာအကြောင်းမှစကားတစ်ခွန်းမဟ၊သို့သော် ဝတ်လာသော အနီရောင်ဂျင်းဘောင်းဘီနှင့်အပေါ်မှအနက်ရောင်အင်္ကျီများက သူမကိုထင်ရှားအောင်လုပ်ပြနေ၏။ဤငါးယောက်ကိုတော့မည်သူမှနိုင်မည်မထင် ဟုကိုပိုင်စိတ်ထဲတွင်တွေးနေသည်။🤙🤙

ချစ်သောမောင့်ကို မုန်းရမည်...........😥(ချစ်သောမောင့်ကိုမုန်းရမည်............😥)Where stories live. Discover now