Part....9

1.1K 37 2
                                    

ရင်ခုန်သံလေးတွေ သူ့အနားရောက်နေလျှင် မြန်နေသည်ကို ကျွန်မလည်းမတတ်နိုင်။ သူဒီတိုင်းလေးနေသည်မှာပင် ကျွန်မကိုမြူဆွယ်နေသည့်ပုံ၊သူပြုံးလိုက်ပါက ကျွန်မအကြိမ်ကြိမ်သေ၏။ သူ့အနားတွင် သူငယ်ချင်းဟူသောဂုဏ်ပုဒ်ထက်တော့ အဆင့်တက်ချင်သည်မှာ လိမ်၍မရနိုင်ပါ။ ဒါပေမဲ့ကျွန်မသည် မိန်းကလေးတစ်ယောက်၊မည်သို့ပင်ဖြစ်စေ ချစ်စကားစမဆိုသင့်ပေ။ သို့သော်ယောက်ျားလေးဘက်မှ ချစ်စကားဆိုရမည်ဟု မည်သူကတီထွင်ခဲ့ပါသနည်း။.........သူ့အနားတွင် နီးနီးကပ်ကပ်နေရသောအချိန်မှာ ၂ရက်တောင်ရှိနေပြီဖြစ်သည်။ကျောင်းလည်းတူတူ၊ tuitionလည်းအတူတူဖြစ်၍ စကားနည်းသောကျွန်မဟာ သူတို့နဲ့သူငယ်ချင်းဖြစ်လာသည်။ဤသင်္ကြန်ရက်များကို မပြီးဆုံးစေချင်သူများထဲတွင်လည်း ကျွန်မကထိပ်ဆုံးကပင်။ကျွန်မသည် အပြင်တွင်စကားပြောသည်မှာနည်းလှသည်။သို့သော်စိတ်ထဲတွင်ပြောချင်သမျှ၊လုပ်ချင်သမျှကို လုပ်ဆောင်ပြီး၏။သူနဲ့အတူတူချစ်သူဖြစ်နေသည်ဟု အကြိမ်ကြိမ်ပင်စိတ်ကူးယဉ်မိသည်။နောက်သင်္ကြန်၂ရက်ပြီးလျှင် သူ့နဲ့တွေ့ရမည်ဟူ၍လည်းမထင်၊သူကယောက်ျားလေးတန်မဲ့ ဗိုင်းကောင်းကျောက်ဖိလေးတစ်ယောက်ပဲမဟုတ်လော။ ကျွန်မရှင့်ကို တစ်နေ့ပိုင်ဆိုင်ချင်တယ် ဈာန်ရယ်...............😲

ဆက်ရန်၊မဆက်ရန် ချိန်နေသောဖုန်းနံပါတ်လေးတစ်ခု။ဒီနေ့တော့သူမဆက်မှဖြစ်တော့မည်။ဒီနေ့မှမဆက်လျှင်မိမိလောက်ညံသူမရှိလို့သူမထင်မိ၏။စိတ်ထဲတွင်လည်း မိမိကိုယ်ကို အရှက်မရှိသောမိန်းကလေးတစ်ယောက်ဟုထင်မိသည်။သို့သော်အချစ်ဆိုသည့်အရာကို မည်သူမှမတားနိုင်၊တစ်ဖက်သတ်ချစ်ရသည်ကပို၍ဆိုးလှ၏။ 💓

Ringtoneအသံကျယ်ကျယ်ထွက်လာသည်နှင့် ဈာန်ကြည့်လိုက်မိသည်။ဖုန်းနံပါတ်အစိမ်းတစ်ခုပင်၊မည်သူမှန်းမသိ။သို့သော်ဈာန်တစ်ခါဖုန်းကိုမကြည့်ဘဲ ကိုင်မိသဖြင့်ရင်ခုန်ခဲ့ပြီးပြီမဟုတ်လော...........။ထိုလူဖြစ်မည်အထင်နှင့်ဖုန်းကိုကိုင်မိလိုက်သည်။*ဟယ်လို၊ဘယ်သူနဲ့ပြောချင်လို့ပါ့လားခင်ဗျ"ဟု ဈာန်ရိုရိုသေသေပင်ပြောလိုက်သည်။ထိုသို့ပြောလိုက်သောကြောင့် တစ်ဖက်လူမှာမည်သို့ဖြစ်သွားမည်ကို သူသိမည်မထင်။
*ဟယ်လို ဈာန်လား၊ငါ လမင်းပါ"ဟုပြောလိုက်သည်။
*သြော်ပြောလေလမင်း၊ဘာကိစ္စရှိလို့လဲ"လို့ဈာန်မှမေးသောအခါ၊*မနက်ဖြန်ငါမလိုက်တော့ရင်ကောင်းမလားလို့ပြီးတော့နင့်ကိုလည်းအရေးကြီးဆုံးစကားတစ်ခွန်းပြောဖို့ရှိတယ်"ဟုလမင်းကရှက်ရှက်နှင့်ပင်ပြောလိုက်၏။
ထိုအခါဈာန်မှ*လမင်းရာ လိုက်ခဲ့စမ်းပါ၊နင်မရှိတော့ငါလည်းပျင်းတယ်ဟ၊သူငယ်ချင်းကိုယ်စီက သူတို့ရည်းစားတွေနဲ့ ငါကနင်နဲ့ပဲနေရတာလေ ပြိီးတော့နင်နဲ့အတူတူဆိုတော့လည်း ပျော်ဖို့ကောင်းတယ် လိုက်ခဲ့ပါဟနော်.......နော်လို့"ဟုပြောသောအခါ ဒီကလမင်းမှမည်သို့ရင်မခုန်ပဲမနေနိုင်ပေလေ။
*အေးပါအဲ့တာဆိုလည်းငါလိုက်ခဲ့မယ်နော်"ဟုပြောပြီးဖုန်းကိုချလိုက်သည်။ဈာန်တွင်မူ အူတူတူနှင့်ဘာဖြစ်သွားမှန်းတောင်မသိလိုက်။🙄

ချစ်သောမောင့်ကို မုန်းရမည်...........😥(ချစ်သောမောင့်ကိုမုန်းရမည်............😥)Where stories live. Discover now