Part 3

1.9K 61 0
                                    

ကျွန်တော်နာမည်က *နက္ခတ်မောင်"
ကျွန်တော်ကတော့ဆေးကျောင်းတတိယနှစ်တက်နေတာ။
ကျွန်တော်ကမိဘတွေနဲ့တော့အတူမနေဘူး။ ဘာလို့လဲဆိုတော့ အမေ့ကိုထပ်ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့ပါ။
မေမေကအရမ်းစိတ်ညစ်ခဲ့ပြီးပြီ။ မိဘပေးစားခဲ့သောဖေဖေ့ကိုယူပြီးထဲက မေမေမှာ အရှင်လတ်လတ်ငရဲရောက်ခဲ့သလိုဖြစ်နေခဲ့တယ်။ မေမေကဖေဖေ့ကိုမချစ်ဘူး။သို့သော် မေမေ့မိဘအတ္တတွေ ဖေဖေရဲ့မေမေမိဘတွေအပေါ်လွှမ်းမိုးမှုကများပြားတယ်။ အခုတော့ ဖေဖေရယ် မေမေရယ် အဒေါ်နှစ်ယောက်ရယ် ဖေဖေ့အဖေပိုင်တဲ့ ကမာရွတ်ကခြံကြီးထဲမှာနေကြတယ်။ ကျွန်တော်ကတော့ ကျောင်းနဲ့နီးတဲ့ ပြည်လမ်းမှာမေမေတို့ဝယ်ပေးထားတဲ့ အခန်းလေးမှာ တစ်ယောက်ထဲနေတယ်။ကျွန်တော့်ဘဝက သူငယ်ချင်းတွေ၊မိဘတွေ၊အဒေါ်တွေ၊ တစ်ဝမ်းကွဲမောင်နှမတွေနဲ့ပျော်နေတယ်လေ။ 👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👦‍👦👨‍👩‍👧‍👧👨‍👩‍👦‍👦👨‍👩‍👧‍👦

သြော် ဒါနဲ့ မမီးငယ်က မောင်သုကိုကြိုခိုင်းထားတာပဲ။ မောင်သုဆိုတာကတော့ တခြားသူမဟုတ် ကျွန်တော့်အမ မမီးငယ်ရဲ့သား ကျွန်တော့်ရဲ့တူ မောင်သုထက်။ ဒီနေ့သူတို့က တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေနေတာ နောက်ဆုံးရက် သူ့အမေကသွားကြိုချင်ပေမဲ့ အလုပ်ကိစ္စက အရေးကြီးလို့တဲ့ ကျွန်တော်ကို ကြိုခိုင်းလိုက်တာ။ *ကို့တူဆိုတော့လဲလုပ်ပေးရမှာပေါ့"လို့ နက္ခတ်ကငြီးရင်း နာရီကို ကြည့်လိုက်မိသည်။၁၀နာရီခွဲကိုတွေ့လိုက်သည်နှင့်နောက်ကျမည်ဆိုးသဖြင့် သဘက်ယူကာ ရေချိုးခန်းထဲသို့ဝင်သွားသည်။ စိုစွတ်နေသေည ဆံပင်များကို သဘက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်တိုက်လိုက်ပြီး ဆံပင်များကို ခြောက်အောင်လုပ်လိုက်သည်။ ချွတ်ထားသော rayban သံကိုင်းရွှေရောင်နှင့်အမဲစပ်ကြား ကိုတပ်လိုက်သည်။ အိပ်ခန်းထဲတွင်ရှိနေသော အဝတ်ဗီရိုကြီးမှ ဒီနေ့ဝတ်မည့် အပြာရောင် Zara shirtအင်္ကျီလေးနှင့် ပုဆိုးအညိုရောင်လေးကို ဝတ်ဆင်လိုက်သည်။ ထို့နောက် ဆွတ်နေကြzaraရမွှေးနှင့်ellips hair gelကိုလိမ်းလိုက်ပြီး ကားသော့ယူကာ သူနေနေသော *Pyay Garden Tower"က အခန်းနံပါတ် ၁၃မှထွက်လာလိုက်တော့သည်။ ဓာတ်လှေခါးသို့တက်သည်နှင့် အောက်သို့သွားမည့်ခလုတ်ကိုနိုပ်လိုက်သည်။ အခုအထပ်မှာ ၇ဖြစ်ပြီး Gဆိုတဲ့ နံပါတ်ကိုနိုပ်လိုက်သည်။👣👣

ချစ်သောမောင့်ကို မုန်းရမည်...........😥(ချစ်သောမောင့်ကိုမုန်းရမည်............😥)Tempat cerita menjadi hidup. Temukan sekarang