ငါ့ကို Nabatiလေး ဝယ်မကြွေးချင်ဘူးလား
ဝယ်ကြွေးပါလားဟင်
လုပ်ပါဟယ် လုပ်ပါဟယ် ငါမုန့်စားချင်လို့ပါ
နော်နော်Nabatiလေး တစ်ထုတ်ပါပဲ
200တန်မုန့်လေးတစ်ထုတ်ကို ယွန်းကျော့ရှင်းတစ်ယောက် သူငယ်ချင်းမတွေဆီက ကျောက်ခဲရေညှစ်နေသလို တရစပ်ဝယ်ကြွေးခိုင်းနေသည်
ထိုအခြင်းအရာသည်ကား မထူးဆန်းပေ
သို့သော်
အသက်အရွယ်အရရော ဝါအရပါပြောရလျှင် ယွန်းကျော့ရှင်းသည် တက္ကသိုလ်နောက်ဆုံးနှစ် ဖြစ်ပြီး အသက်ပင် ၂၀ပြည့်တော့မည် ဖြစ်သည်။နောက်သူတကျီကျီနှင့် မုန့်တောင်းစားနေသည် နေရာမှာကား တက္ကသိုလ်ကျောင်းလမ်းပေါ်တွင်........
နေပါအုံးရှင်းရယ် နောက်က ဆိုင်ကယ်လဲတိုးမိပါအုံးမယ်
ဟွန်း ပန်းရီကလဲ မုန့်ဝယ်မကျွေးချင်တိုင်း ဘာဆိုင်ကယ်မှ မရှိပါဘူး
တခနတော့ တိတ်သွားသေးသည်
လမ်းလျောက်နေရင်း
နှင်းသက်မှ"ဟဲ့ ငါတို့ အတန်းပြေးကြမလား ထမင်းစားပြီးခါစချိန်ကြီး အတန်းတက်ရတာ အိပ်ငိုက်တယ် နောက်ငါတို့ P4ကို တစ်ခါမှ မပြေးရသေးဘူးလေ"
" ပြေးရအောင် ပြေးရအောင်
" နှင်းနဲ့ ရှင်းရယ် တက်လိုက်ပါဟာ ဒီတချိန်တည်းပဲကျန်တော့တာကို နောက် ဘယ်နားသွားနေမလို့လဲ"
"ပန်းရီကလဲ ပြေးရအောင်ပါဆို"
နှင်း နဲ့ ရှင်းနှစ်ယောက်စလုံးမှာ မျက်နှာငယ်လေးတွေနဲ့ ပန်းရီကို ပူဆာနေသည် အဖွဲ့ထဲတွင် ပန်းရီက အကြီးဆုံးဖြစ်တာကြောင့် တခုတခုဆို တဖွဲ့လုံးကိုအဆုံးဖြတ်ပေးသူဖြစ်သည် ။
"မသိဘူး စုလင်းကို မေး စုလင်းပြေးမှ ငါလဲပြေးမယ်"
"ငါစာအုပ်တော့ ဖတ်ချင်တယ် စာကြည့်တိုက်မှာသွားနေကြမလား"
"Yes "
စုလင်း၏ ထောက်ခံချက်ကိုရတော့ နှင်းသက်တစ်ယောက် အပျော်ကြီး ပျော်သွားသည်