Part14

8.2K 460 16
                                    

ပွဲထဲနှစ်နာရီလောက်လျောက်လည်ပြီး နက်ရှိုင်းတို့ရှင်းကိုအိမ်ပြန်ပို့ပေးကြသည်။

ပွဲထဲ ဖုန်များတာကြောင့် မိတ်ကပ်ဖျက်ရေချိုးပြီး အိပ်ရန်ကြံစည်နေချိန် နက်ရှိုင်းဆီမှ ဖုန်းဝင်လာသည်။

(မြတ်စွာဘုရား မှားခေါ်တာလား ငါကိုင်ရမှာလား ကိုင်လိုက်တာပဲကောင်းမယ်ထင်တယ်)

ရင်က တဒိန်းဒိန်းခုန်နေသည်။

"ဟယ်လို"

"ဟယ်လို မ"

"အင်း"

"ပြန်ရောက်ပြီလို့ပြောမလို့ "

"အင်း"

"အင်းပဲလား ဘာလုပ်နေတာလဲ "

"အိပ်တော့မလို့"

"ဟုတ်ပါပြီ Goodnightမ"

ဖုန်းချသွားခါမှ နောက်တရမိသည်။ ငါတော်တော်ပိန်းတာပဲ စကားကြာကြာပြောဖို့အခွင့်ရေးရနေတာကို။
_____________

တစ်သက်နဲ့တစ်ကိုယ် ကျောင်းအစောမလာသော မိရှင်းမ ကျောင်းကို စောစောရောက်ချလာသည်။မရောက်လာလို့မရ မစပ်စုတို့က မနက်စောစောဖုန်းဆက်နှိုးပြီး ဓားကြိမ်းကြိမ်းပြီးခေါ်ထားတာ

ပန်းရီ - ဟေး အခြေနေ အခြေနေ ငါသိချင်နေပြီနော်။

ရှင်း- ငါထိုင်ပါရစေဦးဟယ်။

စုလင်း- ညက ပျော်ခဲ့ရဲ့လား ရှင်း

ရှင်း - ပျော်ခဲ့တာပေါ့

နန္ဒာဆိုသော ခပ်ချောချောဂျူနီယာလေးပါလာကြောင်း ပွဲထဲကအရက်မူးသမားအကြောင်း စီကာပတ်ကုံးပြောပြရင်း နက်ရှိုင်း ရှင်းလက်ကို တွဲထားကြောင်းပြောမိသောအခါ သုံးယောက်သား တဖုံးဖုံးနဲ့ချပါလေတော့သည်။

ရှင်း - ငါအရမ်း ကဲသွားလို့လား

ပန်းရီ - ချီးထုတ်လေး သူနင့်ကို ဘယ်လိုမြင်သွားမလဲ

ရှင်း - ငါလဲ မသိဘူးဟ။ ငါလဲကြောက်နေတာဆိုတော့ သူလဲ အကြောက်ပြေအောင်နေမှာပါ။

နှင်းသက် - ထားပါအရမ်းမတွေးနဲ့၊ အဲ့ထပ်လေ အခုဆို နင်က ပြိုင်ဘက်တိုးလာပြီပေါ့။

မမWhere stories live. Discover now