" အခုဆိုင်ရတော့မယ်လေ ကျွန်တော်အတည်မေးမယ် ကျွန်တော့်ကို ချစ်လား"
" ချစ်လားဆို "
ရှင်း ဘာမှ မတွေးနိုင်တော့ပဲ ရင်ခုန်စွာ ခေါင်းငြိမ့်ပြလိုက်ပါသည်။
နက်ရှိုင်းပြုံးနေသည်။
"ကျွန်တော့်ကိုဘာလို့ နန္ဒာနဲ့ အထင်လွဲရတာလဲ ပွဲဈေးသွားတုန်းကလည်း မ မြင်ရဲ့သားနဲ့ ကျွန်တော်သူ့ကို ဘယ်လောက်ရှောင်လဲဆိုတာ"
"ဒါပင်မယ့် အဲ့နေ့က သူက မင်းပုခုံးကို မှီထားတာလေ "
" သဝန်တိုတာပေါ့"
"မတိုပါဘူး"
"သဝန်တိုနေတာပါ"
"တော်ပြီ စမနေနဲ့ စာအုပ်ဆိုင် ပြန်ပို့ပေးး မင်းလုပ်တာ စာအုပ်မရွေးလိုက်ရဘူး"
"ဟုတ်ကဲ့ပါ ဗျာ "
စာအုပ်ဆိုင်ရောက်တော့ နက်ရှိုင်းက ချက်ချင်းမပြန်သွား။
ရှင်းစာအုပ်ရွေးတာကို နက်ရှိုင်းထိုင်ကြည့်နေသည်။ သူကြည့်နေသောကြောင့် ရှင်းမှ ရင်တုန်ပြီး အလွဲလွဲအမှားမှား
ပိုက်ဆံရှင်းပြီးမှ ပြန်သွားသည်။
ညရောက်တော့လဲ နက်ရှိုင်းကဖုန်းဆက်ပြီး စကားတွေ တတွတ်တွတ်ပြောသော်လည်း ရှင်းဘာပြောရမလဲ မသိ။ အင်း အဲလိုက်ကာ အိပ်တော့မည်ဆိုပြီး ဖုန်းချလိုက်သည်။
ဟူးး Faမ ရည်းစားရတော့ ဘာလုပ်ရမလဲ မသိ။ လမ်းပျောက်နေပြီ ကယ်ကြပါဦး။
_________
လောလောလတ်လတ်ရောင်းထွက်သွားတဲ့ FAတစ်ယောက်ရဲ့ ဒုက္ခကိုပြောပါဆို ကိုယ်ရည်းစားရပြီးဖြစ်ကြောင်း သူငယ်ချင်းများကို ဝန်ခံချိန်ဖြစ်သည်။
သူတို့ကလည်း ဟဲ့ နင်စွံပြီလားလို့ မေးကြမှာမဟုတ်။ တစ်သက်လုံးတူတူမစွံခဲ့သမျှကို ရည်းစားရပါပြီလဲ ဘယ်က စပြောရမှန်းမသိ။
အထူးသဖြင့် သူတို့သဘောမကျတော့တဲ့ နက်ရှိုင်းနဲ့ တွဲနေပြီလို့ မပြောရဲ။ပန်းရီ- နင်တို့ မနေ့က ဘာတွေလုပ်ကြလဲ ငါကတော့ တစ်နေကုန်အိပ်နေတာ။
နှင်းသက် - Wattpadဖတ်တယ် ရှင်းနဲ့စုလင်း နင်တို့ ငါပို့လိုက်တဲ့ ဝတ္ထုဖတ်ပြီးပြီလား အရမ်းကောင်းတာနော်