Part 3

11.9K 520 0
                                    

အချိန်ကား

တနင်္လာနေ့ မနက် ၁၁ နာရီ ၃၀မိနစ်

ဝါးးးးးးးးးးးးးးး

Tutorialဖြေထားသော စာအုပ်များကို ကိုင်ကာ ယွန်းကျော့ရှင်း ဌာနသို့သွားရာလမ်းတွင် ပါးစပ်အကျယ်ကြီးဟ၍ ဝါးသမ်းနေလေသည်။

ထိုသို့ ဝါးသမ်းလျှင် မိမိကို လိုက်ခဲ့ဖူးသောကောင်လေးတစ်ယောက်မှ မိမိအား ဝါးသမ်းလျှင် ပါးစပ်ပိတ်သမ်းရန်
အကြံပြုခဲ့သည်ကို အမှတ်ရမိသေးသည်။

( အလကား ကောင် )

"တော်ပါတော့ ရှင်းရယ် မနက်ခင်းအတန်းချိန်တွေထဲက သမ်းလာတာ မရပ်သေးဘူးလား နင့်ကိုကြည့်ပြီး ငါတို့ပါ ပျင်းလာတယ် "

"ဟီးးးး ညက စာအုပ်ဖတ်တာ များသွားလို့ပါ ပန်းရီရာ ငါထင်တာ မနေ့က စနေပေါ့ ကျောင်းမဖွင့်သေးဘူးဆိုပြီး ဖတ်လိုက်တာ ဂျူး နှိပ်စက်တာဟေ ငါ ည ၁နာရီမှ အိပ်ရတယ် ဖတ်ပြီး အိမ်မက်ဆိုးတွေမက်လို့ပါဆို"

" ဘာစာအုပ်လဲ "

" ဂျူးရဲ့ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် "

" ဟုတ်လား ဖတ်လို့ကောင်းလား "

" ဖတ်လို့တော့ ကောင်းပါတယ် ပန်းရီရဲ့ တခုပဲ တောထွက်ချင်စိတ်ပါပေါက်သွားရုံပဲ ငါ ညက အိမ်မက်ထဲမှာ သီလရှင်ဝတ်ကြီးနဲ့ လင်းမြွေလိုက်လို့ ပြေးနေရတယ်"

"ဘာလိုဖြစ်လို့ အဲ့လိုတွေမက်တာတုန်း ရှင်းရယ်"

"သိဘူးလေ စုလင်းရယ် ငါလဲ မက်ချင်ရာမက်တာနေမှာပေါ့ "

စကားတပြောပြောနှင့် တတ်လာရာ ဌာနရှိရာ အပေါ်ဆုံး ထပ်သို့ရောက်လာလေသည်။ မိမိတို့ မေဂျာသည် မြင့်သည်။ မြင့်သည်ဟု အတိအကျဆိုနိုင်ခြင်းမှာ ဌာနသည် သုံးထပ်ဆောင်အပေါ်ဆုံးထပ်တွင်ဖြစ်သည်။ စာသင်ခန်းများမှာ ဘယ်တော့မှ မြေညီထပ်မဆင်း... စာမေးပွဲဖြေလျှင် ခပ်မြင့်မြင့် အပေါ်ဆုံးထပ်တွင် ဖြေရတာများသည် ။

" တတ်ရတာ မောလိုက်တာ "

" နင်က စကားပဲ များလာတာကိုး ရှင်းရဲ့ "

" နှင်းသက်ကလဲ စာအုပ်တွေ သယ်ထားရလို့လဲပါပါတယ်နော"

" စာအုပ်တွေ က အကုန်သယ်ထားတာကို ချီးထုတ်လေး "

မမWhere stories live. Discover now