စာမေးပွဲနီးလာတာမို့ ကျုရှင်တွေပြန်စတော့မည်။ ကျူရှင်ခွဲတမ်းချရန်အချိန်ရောက်လာပြီ ။
ရှင်းတို့ လေးယောက်မှာ ပထမနှစ်ကတည်းက အစဉ်လာတစ်ခုရှိသည်။ ကျူရှင်ခွဲတတ်ခြင်း အနုပညာ။
Minor ဘာသာဖြစ်သည့် မြန်မာစာက ကျူရှင်မရှိတာမို့ ကျန်လေးဘာသာကို မြို့ထဲမှာနေတဲ့ ရှင်းက နှစ်ဘာသာတာဝန်ယူတတ်ရသည်။ ရတဲ့notes ကို ပြန်ခွဲ မိတ္ထူပြန်ဆွဲကျက်ကာ ဘတ်ဂျက်ချွေတာရေးဆင်းသည်။ ရှင်းအိပ်ရေးကြီးတာကတစ်ကြောင်း သူတို့ဖယ်ရီတွေနဲ့ညှိရတာအဆင်မပြေတာကတကြောင်းကြောင့် များသောအားဖြင့် ညနေပိုင်းအချိန်တွေကို ရှင်းကို တတ်စေသည်။
ဒါတောင် မိရှင်းမက ကျူရှင်ပြေးချင်သေးတာ ပန်းရီကိုကြောက်ရ၍သာ။
ရှင်းကျုရှင်ပြေးရင် ပန်းရီက စိတ်ဆိုးသည် ဆူသည်။ ထို့ကြောင့်ကြောက်ရသည်။
သုံးလနီးပါး ဝေလေလေလုပ်လာသမျှ ဒီလထဲမှာစာလုပ်မှ ရမည်။အခုတလော နက်ရှိုင်းနဲ့ကျော်ကြီးက ထမင်းစားချိန်ဆို အခန်းထဲလာပြီးနေသည်။ အချို့အခန်းဖော်တွေက ရှင်းတို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်ကြပင်မယ့် အချို့ကတော့ ကျော်ကြီးက စုလင်းကို ချိတ်ချင်၍လာသည်ဟုသာထင်ကြသည်။
အေးပေါ့လေ။
ဒီအဆင်နဲ့ ဒီအဆင်ဆိုတော့လည်း။နက်ရှိုင်းက ရှင်းအနားမှာ တီတီတာတာနေချင်သော်လည်း ရှင်းက သူငယ်ချင်းတွေရှေ့မို့ ရှက်နေသည်။
တစ်ခါတစ်လေ ဘွဲ့နှင်းရှေ့ကအပင်အောက်မှာထိုင်လျှင် နက်ရှိုင်းက ရှင်းနဲ့ကျောချင်းကပ်မှီထိုင်ချင်ထိုင်သည်။
ရှင်းလက်ကိုကိုင်ပြီး ကစားချင်ကစားသည်။ ရှင်းဖုန်းယူပြီး ကလေးဂိမ်းကစားချင်ကစားနေတတ်သည်။"မ ကျွန်တော်တို့ သံတောင်ကြီးသွားကြမလား"
" သူများတွေပြောတော့ အဲ့ကိုသွားရင် အတွဲတွေပြတ်တယ်ဆို "
" ပြတ်မှာတော့ကြောက်သားပဲ "
"ဘာကိုလဲ နက်ရှိုင်းရဲ့"
" မက ကျွန်တော့်ကိုမှ ဂရုမစိုက်တာ ကျွန်တော်ကပဲလိုက်ကပ်နေရတာ"