" မင်း နာမည်က......?"
" နက်ရှိုင်း "
နက်ရှိုင်း.......
" ခုံနံပါတ်က "
"106"
ရှင်း အတတ်နိုင်ဆုံး လက်မတုန်အောင်ထိန်းပြီး ရေးလိုက်သည်။
(ငါဘာလို့ ဒီလိုတွေ ဖြစ်နေတာလဲ ဒါမဖြစ်သင့်ဘူးလေ ရှင်းရယ် စိတ်ထိန်းစမ်းပါ)
အတန်းထဲက ပြန်ထွက်လာသည်အထိ ရှင်း အတွေးများနေသည်။
"ဟဲ့ ရှင်း ရှင်း "
"ဟမ် ရေရေ "
" နင့်ကို စာရင်းပေးတဲ့ ကောင်လေးတစ်ယောက် ချောတယ်နော် အဲ့ကောင်လေးKingရလောက်တယ် သိလား"
ပန်းရီ ဘယ်သူ့ကို ဆိုလိုမှန်း ရှင်းရိပ်မိပါသည်။ သို့သော်
" ဘယ်တစ်ယောက်လဲ "
"ဟိုကွာ နောက်ဆုံးမှ စာရင်းပေးတဲ့ ကောင်လေးလေ ဆံပင်ကောက်ကောက်လေးနဲ့ T shirt အမဲလေးနဲ့ တစ်ယောက် "
"ဩော် "
"နာမည် ဘယ်လိုခေါ်လဲ "
" နက်ရှိုင်း ဆိုလားပဲ "
နာမည်ကို ချက်ချင်းပြောနိုင်တာကို သူငယ်ချင်းမရိပ်မိ
သူတို့အတွေးနဲ့ သူတို့ ....."အဲ့ တစ်ယောက်ကို ငါလဲ တွေ့မိတယ် ချောတယ်ဟ အရပ်လဲ ရှည်တယ် အသားလေးလဲ ဖြူတယ် ပုံစံလေးမိုက်တယ် "
နက်ရှိင်း ချောကြောင်းစုလင်းကပါ ထောက်ခံလိုက်သည်။
ရှင်း နက်ရှိုင်းဆိုသော နာမည်လေးကိုပြန်လည်ပုံဖော်မိရာ သူငယ်ချင်းမများပြောသလို အသားဖြူဖြူ အရပ်ရှည်ရှည် styleမိုက်မိုက်ကောင်လေးအစား
မျက်လုံး ဝိုင်းဝိုင်းနှင့် နှုတ်ခမ်းနီနီလေးတွေကိုသာ..............( မရူးချင်စမ်းပါနဲ့ ရှင်းရယ် သူလိုပုံစံလေးတွေက playerလေးတွေ နောက်နင့်လိုပုံကို သူက ချစ်မှာတဲ့လား?)
_____________________________
လကုန်ခါနီးရက်တို့သည် သာယာသည်။
ရှင်း အမေ့ထံမှ မုန့်ဖိုးတောင်းပြီး စာအုပ်ဝယ်ရန် စာအုပ်ဆိုင်သို့ စီးတော်ယာဉ် ဆိုင်ကယ်လေး စီးပြီး ထွက်လာသည်။