Part 6

9.6K 523 1
                                    


"နက်ရှိုင်း ရှင်းအနားတိုးကပ်လာပြီး နား နားကို ကပ်ကာ

" မ "

တိုးတိုး လေးခေါ်လိုက်သည်။ နောက်ပြီး သူမကို ပြုံးပြကာ

"မ ထတော့ "

(ဟမ် ဘာလို့ ထခိုင်းနေတာလဲ?)

"ထပါတော့ဆို ထတော့လို့ အကုန်လုံးမျက်နှာသစ်သွားတိုက်ပြီးလို့ပြန်ကုန်ပြီ နင်က မထနိုင်သေးဘူးလား "

ဤသည်ကား နှင်းသက်အသံ

" ဟင် အင်း.........."

ထိုစဉ် စိုစွတ်သောအရာတစ်ခုကြောင့် ရှင်းလန့်ပြီး ငုတ်တုတ်ထိုင်လိုက်သည်။

ချစ်လှစွာသောသူငယ်ချင်းမများ မျက်နှာကို ရေစက်ချခြင်းပင်......

ထသာထရသော်လည်း လူက ခေါင်းကလေးလေးကြီး တစ်ကိုယ်လုံးမလှုပ်ချင်တော့လောက်အောင်

"Coktailက Wineနဲ့ juice နဲ့ အသီးနဲ့ ပဲ ဖျော်ထားတာဟုတ်ရဲ့လား မိရှင်း အဲ့လောက် ဂါသွားရအောင် "

ထောက်ထားသောညာလက်မှာ ယားယံမှုကို စတင်ခံစားရသည်။ လက်ဖဝါးတစ်ခုလုံးက ရဲရဲနီလို့
သေစမ်း Alcohol allergic .......

(ငါဆိုင်ကယ်မောင်းနိုင်ပါတော့မလား )

"နင်ဘယ်လောက်တွေ သောင်းကျန်းထားလဲ နင် သိရဲ့လား "

စုလင်းပြောတာကို ဘာမှ မသိသော ဖြူစင်သော ယုန်မလေးလိုမျက်လုံးလေး ဝိုင်းကာ တုန့်ပြန်လိုက်သည်။

" ငါမနေ့ညက အိပ်သွားတာလေ "

"အေ့ပါကွာ အိပ်သွားတာ နင့်အကျီကိုလဲ နင်ပြန်စမ်းကြည့်အုံး "

ပန်းရီပြောမှ ရှင်းကိုယ်ရှင်း သတိထားမိသည်။

(သေစမ်း အတွင်းခံ ချွတ်ထားတာပဲ )

"နှင်းသက် စောင်ထခြုံထားပေးရတယ် နင်ကို "

"ငါဘယ်ထဲက ချွတ်ထားမိတာလဲ ဟင် ? ဟိုမှာထဲကလား "

"အခုမှ ပြူးပြူးပြာပြာတွေ ဖြစ်မနေနဲ့ အကျီကတော့ ဒီရောက်မှ ပူလို့ဆိုပြီး ချွတ်ထားတာပါ ညရောက်တော့ သူများစောင်လိုက်လုတယ် နင်စုလင်းကိုလည်း ခွထားလိုက်တာ ......"

မမWhere stories live. Discover now