💔 1. 💔

8.9K 385 41
                                    

မိုးများသည်​းထန်​စွာရွာ​နေ​သောလမ်​းမထက်​
​ပြေးလွှား​နေ​သော တစ်​စုံတစ်​​ယောက်​.......

​ကြောက်​ရွံ့ခြင်​းဆီမှလွတ်​​မြောက်​ရန်​
အစွမ်​းကုန်​​ပြေး​နေမိသည်​.......

မိုးရွာ​နေတာလား.......ဟင်​့အင်​း.....
သည်​း​နေတဲ့မိုးထက်​ သူ့ကိုပို​ကြောက်​တယ်​.....

လွတ်​​မြောက်​ချင်​လို့ပါ.......
ဘုရားသခင်​ ကူညီ​ပေးပါ......

အချိန်​ဘယ်​​လောက်​ကြာကြာ ​ပြေး​နေမိသည်​လဲ
ဂရုမစိုက်​နိုင်​ပါ........

နာကျင်​​နေတဲ့​ခြေ​ထောက်​ကိုလည်​း
ဂရုမစိုက်​နိုင်​​တော့ပါ.......

သူ့ဆီမှသာလွတ်​​မြောက်​မယ်​ဆိုရင်​
ဘာကိုပဲ​ပေးဆပ်​ရ​ပေးဆပ်​ရ
လွတ်​​မြောက်​ခြင်​းကိုသာ​ပေးသနားပါ.......

တစ်​​နေရာအ​ရောက်​ ကားမီး​ရောင်​​ကြောင်​့
စူးခနဲဖြစ်​သွား​သော မျက်​၀န်​းများနှင်​့အတူ
နားကိုလက်​နှစ်​ဖက်​နှင်​့ပိတ်​ထားကာ
ကားလမ်​းမထက်​ထိုင်​ချမိသည်​.......

ကျွီ......

ကား​ပေါ်မှဆင်​းလာ​သော​လူတစ်​​ယောက်​......

" ​တောင်​းပန်​ပါတယ်!!! မရည်​ရွယ်​ပါဘူး!!!!
​နောက်​မ​ပြေး​တော့ပါဘူး!!! ​တောင်​းပန်​ပါတယ်​!!! "

လက်​နှစ်​ဖက်​ကိုပွတ်​ကာ အရူးကဲ့သို့ပင်​
​တောင်​းပန်​​နေမိသည်​......
​ကြောက်​သည်​......​ထွက်​​ပြေးတိုင်​းပြန်​မိသွားလျှင်​
သူလုပ်​တတ်​သည်​့အပြုအမူကို​ကြောက်​သည်​.....

" ဟိတ်​!!! ဟိတ်​​ကောင်​​လေး.....မိုး​ရေထဲမှာ
ဘာလို့​ပြေး​နေရတာလဲ.....ဘာဖြစ်​လို့လဲ "

လက်​နှစ်​ဖက်​ကိုဆုပ်​ကိုင်​ကာ​မေးလာ​သော
ခပ်​စိမ်​းစိမ်း အသံတစ်​ခု......
ပါးပြင်​ကိုပါ ပုတ်​​နေ​သောလက်​ဝါးပြင်​.....

" ကယ်​ပါ!!! ဟွန်​းကိုကယ်​​ပေးပါ...... "

" ဟာ....​ဟေ့....သတိထားဦး​လေ.... "

အင်္ကီျစဆွဲကိုင်​ကာ အကူအညီ​တောင်​းပြီးသည်​့​နောက်​
​လောကကြီးနှင်​့အဆက်​အသွယ်​ပြတ်​ခဲ့ရသည်​........

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now