💔 10. 💔

2.6K 270 25
                                    

" ဆယ်​ဟွန်းရှီ......ကြားရရဲ့လား.....
က​လေး​လေးရဲ့နှလုံးခုန်​သံ​လေး......
ကျန်းကျန်းမာမာရှိ​နေတာပဲ..... "

က​လေး​လေးရဲ့နှလုံးခုန်​သံ​ကြောင့်
မျက်​ရည်​ပင်​ကျမိသည်​.....
ကိုကိုသည်​လည်း ဟွန်းရဲ့လက်​ကို
ကိုင်​ထားကာ မျက်​ရည်​များကျ​နေသည်​....

အဲ့​လောက်​​တောင်​​ပျော်​​နေရလား ကိုကိုရယ်​.....
ကိုကို့က​လေးမဟုတ်​တာ​တောင်​မှ​လေ.....
ဟွန်းကိုအဲ့​လောက်​ထိ​တောင်​ချစ်​တာပဲလား....

ကိုကိုကဟွန်းကိုချစ်​​လေ......ဟွန်းက
စိတ်​မ​ကောင်းဖြစ်​ရ​လေပါပဲ.....
တောင်းပန်​ပါတယ်​ဆိုတဲ့စကားကလွဲပြီး
ပြောစရာစကားမရှိ​တော့ပါဘူးကိုကိုရယ်​....

" က​လေး​လေးရဲ့ဒယ်​ဒီက​တော်​​တော်
စိတ်​လှုပ်​ရှား​နေပုံပဲ​နော်​.......အိုး.....
ဂုဏ်​ယူပါတယ်​ဗျာ....က​လေး​လေးက
ယောက်ျား​လေးပဲ "

သား​လေး......သား​လေးတဲ့လား.....
ဗိုက်​က​လေးကိုကိုင်​ကာပြုံးမိပြန်​သည်​....
ကိုကိုက​တော့​ပြောစရာမလို​အောင်​ပင်
ပျော်​​နေပြီဖြစ်​သည်​......

ဆရာဝန်​ခန်းထဲကထွက်​သည်​အထိ
လက်​ထဲမှအာထရာ​ဆောင်းပုံ​လေးကိုင်​ကာ
ကြည့်​​နေမိသည်​.....

အရင်​ပုံများထက်​ပင်​ကြီးထွားလာပြီ
ဖြစ်​​သော က​လေး​လေး....
ကောင်း​ကောင်းမွန်​မွန်​ကြီးပြင်​လာတဲ့အတွက်
ပါးပါးကသား​လေးကိုအရမ်း​ကျေးဇူးတင်​ပါတယ်​....

" ဟွန်းရယ်​......​ကျေးဇူးတင်​ပါတယ်​.....
ဒီလိုအ​ပျော်​မျိုးကိုခံစားခွင့်​​ပေးလို့.....
ဟွန်းဘာစားချင်​လဲ..... "

" ကိုကိုကကုမ္ပဏီပြန်​ရဦးမှာမလား......
ဟွန်းကိုအိမ်​ကိုပဲပြန်​ပို့​ပေး​လေ.... "

" ရတယ်​....မပြန်​​တော့ဘူး....
အရမ်း​ပျော်​ရမယ့်​​နေ့မှာ ကိုယ်​က
အလုပ်​ပဲလုပ်​​နေရမှာလား.....ဟမ်​ "

ပါးကိုဆွဲကာ​ပြောလာတဲ့ကိုကို....

" အား....ကိုကို​နော်​....နာတယ်​... "

" ဥုံဖွ.....အသည်းယားလာလို့.... "

ပါး​လေးကိုအသာပွတ်​​ပေးပြန်​သည်​.....

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now