💔 18. 💔

3.1K 279 37
                                    

" ​တောင်းပန်​ပါတယ်.......
ကျွန်​​တော်​မှားသွားခဲ့ပါတယ်​....... "

ချန်း​ယောလ်​ ဟွန်းရဲ့ကိုကြီးကို
ဒူး​ထောက်​ကာ​တောင်းပန်​​နေမိသည်​.....

တကယ်​ပင်​သူသည်​လည်း ဒူး​ထောက်
တောင်းပန်​လျှင်​​တောင်​​ကျေနပ်​နိုင်​စရာမရှိ​သော
အမှားတစ်​ခုကိုကျူးလွန်​ခဲ့ခြင်းဖြစ်​သည်​.......

သူတဇွတ်​ထိုးလုပ်​ခဲ့မိ​သောအမှားတစ်​ခုသည်
သူကိုယ်​တိုင်​ပင်​မဟုတ်​ဘဲ သူချစ်​ရသူများဖြစ်​​သော
ကိုကြီးနှင့်​ဟွန်း......ထို့​နောက်
မွေးဖွားမလာ​သေး​သောသူ၏သား​လေး.......
အားလုံးခံစား​နေရပြီဖြစ်​သည်​.......

" မလိုအပ်​ဘူး.....မဟုတ်​ဘူး.......
မင်း​တောင်းပန်​တာကိုမလိုချင်​ဘူး.....
ဘာလို့များ မင်းက ၀ူရီဖန်​ရဲ့ညီဖြစ်​​နေရတာလဲ....
ဆိုးရွားလိုက်​တဲ့​တွေ့ဆုံခြင်း​တွေ.....ထားပါ​လေ...
ဒါ​တွေကအ​ရေးမကြီး​တော့ပါဘူး........
မင်းမ​တောင်းပန်​နဲ့.....မင်းဆိုတဲ့​ကောင်​က
တောင်းပန်​ခွင့်​​တောင်​မရှိဘူး.....မင်းသိလား.....
ငါတို့ဟွန်း​လေးဘယ်​​လောက်​​တောင်
စိတ်​ထိခိုက်​ခဲ့ရတယ်​ဆိုတာကို......မင်းဆီက
ပြန်​လွတ်​လာပြီး​နောက်​ပိုင်း ကိုယ့်​ကိုယ်​ကို
သတ်​​သေဖို့ဘယ်​​လောက်​​တောင်
်​ကြိုးစားခဲ့တယ်​ဆိုတာကို.......မင်းကို ငါ့သူငယ်​ချင်း
ရီဖန်​ရဲ့ညီဖြစ်​​နေလို့ တရားမစွဲဘဲထားတာ.....
စိတ်​ထဲရှိတဲ့အတိုင်းဆို မင်းကိုရဲလက်​အပ်​လိုက်​ချင်​တာ "

" ​တောင်းပန်​ပါတယ်​.......တကယ်​ကို
တောင်းပန်​ပါတယ်​......သား​လေးနဲ့ဟွန်းအတွက်
တကယ်​ကိုတာဝန်​​ကျေပွန်​တဲ့လူတစ်​​ယောက်
ဖြစ်​​စေရပါမယ်​.......​ကျေးဇူးပြုပြီးခွင့်​လွှတ်​​ပေးပါ "

" ဟက်​.......တာဝန်​ဟုတ်​လား.....
မလိုအပ်​ဘူး.....ငါ့ညီနဲ့ငါ့တူ​လေးကို
ငါ​စောင့်​​ရှောက်​နိုင်​တယ်​.....မင်းမရှိဘဲ
လို​လေး​သေးမရှိ​အောင်​ထားနိုင်​တယ်​....
အဲ့ဒါ​ကြောင့်​မင်းကိုမလိုအပ်​ဘူး.....
ပြီး​တော့.......ငါ့တူ​လေးကို​မွေးပြီးတာနဲ့
ငါတို့မိသားစုရှန်​ဟိုင်းကိုအပြီး​ပြောင်း​တော့မှာ..... "

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now