💔 16. 💔

2.7K 269 36
                                    

ရီဖန်​တစ်​​ယောက်​ ဟွန်း​လေး
နေမ​ကောင်းသည်​မို့ အလုပ်​ပြီးသည်​နှင့်
အိမ်​ကိုအ​ပြေးပြန်​လာခဲ့ရသည်​.....

အခန်းထဲ​ရောက်​သည်​နှင့်
မ​တွေ့ရ​သောမျက်​နှာ​လေး​ကြောင့်
တအိမ်​လုံးအနှံ့ရှာကြည့်​ရ​တော့သည်​.....

" အ​ဒေါ်ကြီး........ဟွန်း​လေးဘယ်​​ရောက်​​နေတာလဲ "

မီးဖိုခန်းအတွင်းညစာပြင်​​နေ​သော
အိမ်​အကူအ​ဒေါ်ကြီးကို
မေးကြည့်​ရ​တော့သည်​......

" အာ....မနက်​ကသခင်​​လေးထွက်​သွားပြီး
ခဏ​နေ​တော့ထွက်​သွားတာ​တွေ့မိတယ်​....
သခင်​​လေးအတွက်​ အမြန်​​ချောပို့နဲ့
စာအိတ်​တစ်​အိတ်​ ​ရောက်​​နေပါတယ်​.... "

အခန်းထဲ​ရောက်​သည်​အထိ
ရီဖန်​စဉ်းစားရခက်​​နေသည်​.....
ဖုန်းဆက်​ကြည့်​​သော်​လည်း
စက်​ပိတ်​ထား​သောဖုန်း​ကြောင့်
ပိုကာစိုးရိမ်​မိ​တော့သည်​......

" ဘယ်​များသွားတာလဲ......
ဂျွန်​​မြောင်​တို့ဆီပဲသွားတာလား.....
ဘာလို့ဖုန်းကဆက်​လို့မရ ရတာလဲ "

လက်​ထဲတွင်​ကိုင်​ထား​သော
စာအိတ်​ကိုဖွင့်​ဖတ်​မိ​တော့
ရင်းနှီး​နေ​သောလက်​​ရေးများနှင့်
စာတစ်​​စောင်​.......

တောင်းပန်​ပါတယ် ကိုကို......
တောင်းပန်​ပါတယ်​ဆိုတာကလွဲပြီး
ပြောစရာစကားမရှိ​တော့ပါဘူး......
ဒီအ​တောအတွင်း ဟွန်းနဲ့သား​လေးကို
ဂရုစိုက်​​ပေးခဲ့တာ​တွေအတွက်​ စိတ်​ရင်းနဲ့
ကျေးဇူးတင်​ပါတယ်​.......
ကိုကို့ကို မချစ်​ခဲ့​ပေမယ့်​ ကိုကို့ရင်​ခွင်​ထဲမှာ
ဟွန်းအရမ်းကို​ပျော်​ခဲ့ရပါတယ်​........

ဖတ်​ပြီးသည်​နှင့် လက်​ထဲမှစာပင်
လွတ်​ကျသွားရသည်​.......
စာအိတ်​ထဲမှတစ်​စုံတစ်​ခုကို
ထပ်​ထုတ်​ကြည့်​မိ​တော့
တစ်​ဖက်​ခြမ်းတွင်​တံဆိပ်​တုံးထုပြီးသား
ကွာရှင်းစာချုပ်​တစ်​​စောင်​........

ရီဖန်​ပို၍စိုးရိမ်​လာရသည်​......
မနက်​ကပင်​ပြုံးရယ်​​နေခဲ့​သောဟွန်း​လေးသည်
အ​ကြောင်းရင်းမရှိပဲ ထိုကဲ့သို့ရုတ်​တရက်
ထွက်​သွားမှာမဟုတ်​.......

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now