24

3.3K 286 50
                                    

" ကိုကြီးတူ​လေးကဘယ်​​တော့​မွေးမှာတဲ့လဲ "

ည​နေ​စောင်း​နေပြီမို့ ချန်း​ပြန်​အလာကို
ကိုကြီးနှင့်​အတူဧည့်​ခန်းမှာ​စောင့်​​နေရင်း
စကားစမြည်​​ပြော​နေခြင်းဖြစ်​သည်​.........

" ​နောက်​တပတ်​ထဲဖြစ်​​လောက်​တယ်​တဲ့......
ကျန်းကျန်းမာမာရှိ​နေတာမို့စိတ်​မပူပါနဲ့တဲ့...... "

" အင်း......မြန်​မြန်​​တွေ့ချင်​လှပြီ...... "

ဗိုက်​က​လေးကို ကိုင်​​နေရင်းမှကြားလိုက်​ရ​သော
အသံခပ်​အက်​အက်​​ကြောင့်​ကိုကြီးသည်
ငိုချင်​​နေသည့်​စိတ်​ကိုထိန်း​နေပြန်​ပြီဖြစ်​သည်​......

" ​တောင်းပန်​ပါတယ်​​နော်​.........ကိုကြီးကို
အခုလိုမျိုးဝမ်းနည်း​အောင်​လုပ်​မိလို့....... "

ရင်​ခွင်​ထဲဝင်​ရင်းခပ်​တိုးတိုး​ပြောမိသည်​......

" ဟွန်း​လေးရဲ့အပြစ်​မဟုတ်​ပါဘူး......ပြီး​တော့
ကိုကြီးက၀မ်းသာလွန်းလို့ကျတဲ့မျက်​ရည်​ပါ.....
ကိုကြီးအရမ်းချစ်​တဲ့ဟွန်း​လေးက​မွေးလာမယ့်
တူ​လေးမို့​ပျော်​မိလို့ပါ........ "

ညီအစ်​ကိုနှစ်​​ယောက်​သားဖက်​ရင်းပင်
ငိုမိကြ​တော့သည်​..........

တီဗီမှလွှင့်​​နေ​သောသတင်းတစ်​ပုဒ်​​ကြောင့်
နှစ်​​ယောက်​သားအလန့်​တကြားကြည့်​မိကြသည်​....

" Wu Group ရဲ့​Hotel​ဆောက်​လုပ်​​ရေး
လုပ်​ငန်းခွင်​အတွင်းမ​တော်​တဆမှုတစ်​ခုဖြစ်​ခဲ့သည်
ဟုသတင်းတစ်​ခုရခဲ့ပါတယ်​......အခင်းဖြစ်​​နေရာမှ
သတင်း​ထောက်​ လီဟုန်းဂျူရဲ့​ပြောပြချက်​ကို
နား​ထောင်​ကြည့်​ကြရ​အောင်​ပါရှင်​....... "

" မင်္ဂလာပါရှင်​.......ကျွန်​မ​ရောက်​​နေတာက​တော့
Wu Group ရဲ့လုပ်​ငန်းတိုးချဲ့ခြင်းဖြစ်​သည့်
Hotel အသစ်​​ဆောက်​လုပ်​​ရေးလုပ်​ငန်းခွင်​ထဲတွင်
ဖြစ်​ပါတယ်​ရှင်​......အ​ခြေအ​နေက​တော့မြင်​ကြတဲ့
အတိုင်းပါပဲရှင်​.....ကရိန်းနဲ့ပစ္စည်းသယ်​ယူရင်း
မ​တော်​တဆမှုတစ်​ခုဖြစ်​​ပေါ်ခဲ့ခြင်းဖြစ်​ပါတယ်​......
လုပ်​သားအ​တော်​များများထိခိုက်​သွားတယ်​လို့လည်း
သိရပါတယ်​.......ဒီ​နေ့မှာပဲWu groupရဲ့
Chairman ၀ူရီဖန်​နှင့်​အတူညီဖြစ်​သူ
ဝူချန်း​ယောလ်​တို့နှစ်​ဦးကလည်းလုပ်​ငန်းခွင်
စစ်​​ဆေးဖို့​ရောက်​ရှိ​နေတယ်​လို့သိရပါတယ်​.......
သူတို့နှစ်​ဦးထိခိုက်​သွားလားဆိုတာက​တော့
ဆက်​လက်​စုံစမ်း​နေပါတယ်​ရှင့်​......SBC မှ
သတင်း​ထောက်​လီဟုန်းဂျူဖြစ်​ပါတယ်​ရှင်​..... "

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now