25

3.6K 293 39
                                    

သားဖွားခန်းထဲဝင်​သွားတဲ့ဟွန်း​ကြောင့်
ချန်း​ယောလ်​မှာဂနာမငြိမ်​ဖြစ်​​နေရသည်​....

စိတ်​ပူ​နေသည်​​ကြောင့်​လူက
ထိုင်​မရ ထမရဖြစ်​​နေသည်​......

ကိုကြီးနှင့်​အစ်​ကိုဂျွန်​​မြောင်​သည်​လည်း
စိတ်​ပူ​နေကြပုံပင်​.......

မေ့​ဆေးနှင့်​မတည့်​​သောဟွန်း​သည်
ခွဲစိတ်​လို့မရသည်​မို့ပုံမှန်​အတိုင်း
မွေးဖွားရန်​သာကြိုးစားရ​တော့သည်​.....

အချိန်​တစ်​နာရီခန့်​တွင်​ပင်
ဘာမှအ​ကြောင်းမထူး​သေး.......

" ကို.....ကိုကြီး......ဟွန်း........
ဟွန်းအဆင်​​ပြေမှာပါ​နော်​....... "

မေး​နေမိ​သောအသံသည်​သိသိသာသာ
တုန်​ယင်​​နေ​တော့သည်​.......

" အဆင်​​ပြေမှာပါ.......ဟွန်း​လေးက
ချန်း​လေးရဲ့သား​လေး......ကိုကြီးရဲ့တူ​လေးကို
ကျန်းကျန်းမာမာ​မွေးဖွား​ပေးမှာပါ....... "

သူ့လက်​ကိုလာ​ရောက်​ဆုပ်​ကိုင်​ပြီး
ပြောလာတဲ့ကိုကြီး........

" ကင်​မ်​ဆယ်​ဟွန်းရဲ့အုပ်​ထိန်းသူ..... "

" ဒီမှာပါ...... "

မွေးခန်းထဲမှထွက်​လာတဲ့သူနာပြု​ကြောင့်
သုံး​ယောက်​လုံးပြိုင်​တူသွားမိသည်​.......

" လူနာကလုံးဝမ​မွေးနိုင်​​သေးဘူးဖြစ်​​နေတယ်​....
အုပ်​ထိန်းသူတစ်​​ယောက်​လိုက်​ခဲ့​ပေးပါ......
လူနာကိုအား​ရှိ​အောင်​အား​ပေးဖို့ပါ....... "

သုံး​ယောက်​စလုံးတစ်​​ယောက်​မျက်​နှာ
တစ်​​ယောက်​ကြည့်​မိကြသည်​......

နောက်​ဆုံးတွင်​​တော့ချန်း​ယောလ်​ကိုသာ
ဝင်​ခိုင်းဖို့ဆုံးဖြတ်​လိုက်​ကြသည်​........

" ချန်း​လေးဝင်​လိုက်​......ဟွန်း​လေးက
အခုချိန်​မှာချန်း​လေးကိုအလိုအပ်​ဆုံးဖြစ်​မှာ.... "

" ဒါဆိုရင်​ကျွန်​မနဲ့လိုက်​ခဲ့​ပေးပါ​နော်​..... "

သူနာပြုဆရာမ​ခေါ်​ဆောင်​ရာ​နောက်​သို့
စိတ်​ပူစွာနှင့်​လိုက်​သွားမိသည်​..........

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now