part-9

9.1K 1K 5
                                    

"လာကြ လာကြ~~"

"သူငယ်ချင်းတို့ များများလောင်းနိုင်မှ များများမြတ်မှာ~~"

"WuXing ဒိုင်ကိုင်တဲ့အချိန်က ဆတိုးအများဆုံးပေးတဲ့အချိန်ဆိုတာ မသိသူမရှိဘူး!!"

WuXing က နန်းတတ်ဆုတောင်းပွဲကနေ လောင်းကစားဝိုင်းကို ထွက်ပြေးလာပြီး အံစာတုံး ဒိုင်ကိုင်နေသည်

WuXing ဟာ အသံမြည်သော ဝါးခလောက်ကြီးထဲ အံစာတုံး သုံးတုံးထည့်ပြီး လူအုပ်ကြားထဲမှာ ပွဲကျနေသည်

"Arrrrrrr~~~ 9~~~"

"Hkhkhkhkhkhkhkhk~~~"

ဟေးလားဝါးလားနှင့် အလောင်းကစားဝိုင်းမှာ ဆူညံပွက်လောရိုက်ပြီး ရှိနေကြသည်

ဘေးနားမှာ လှပသော အပျော်မယ်လေးများနှင့် အတူ ပွဲဆူနေသော Consai မြို့တော်၏ ခရမ်းရောင် ဆောင်ကြာမြိုင်

ထိုဆောင်ကြာမြိုင်သည် ခရမ်းရောင်များနှင့် ဆင်ယင်ထားပြီး Consai မြို့တော်တွင် အကြီးမားဆုံး ဆောင်ကြာမြိုင်ဖြစ်သည်

ညဘက်ဆို အလောင်းကစားဝိုင်းများနှင့် လူကုန်တန်များ နားခိုရာ တည်းခိုဆောင်တော် နေရာဖြစ်သည်

အနားယူရင်း အလောင်းကစားဝိုင်း အရက်ဝိုင်း မိန်းမဝိုင်း စားသောက်ဝိုင်းများ ဖွဲ့ကာ နှစ်သက်သလို ပျော်ရွှင်နိုင်သည်

ရန်ဖြစ်လျှင်တော့ ဆွဲထုတ်ခံရမည်ဖြစ်သည်

နန်းတတ်မင်းသား WuXing ဟာ ထိုနေရာတွင် ပိုက်ဆံထုတ်ချပြီး ဒိုင်လုပ်နေသည်

ရုတ်တရက်~~

စစ်သူကြီး Yu လှေကားတွေအပေါ်က တတ်လာသည်

WuXing ဟာ ပွဲဆူနေသည့်ကြားမှ ရုတ်တရက် ရပ်တန့်သွားသည်

တစ်စုံတစ်ခုသော အရာဟာ သူ့ကို အလိုလို အသိပေးနေသလိုပင်

WuXing လှည့်ကြည့်လိုက်သည်

စစ်သူကြီး Yu ဟာ WuXing အား အရိုအသေပေးသည်

"မင်းသား နန်းတော်ကို ပြန်ရအောင်~~"

"ကျစ်~~"

မိပြန်ပြီ~~

WuXing မျက်နှာလေး ရှုံ့တွသွားသည်

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now