part-39

5.9K 678 10
                                    

WuXingဟာ YanLanလက်အားဆွဲကာ ChiZuခေါ်ဆောင်ရာအနောက်သို့ လိုက်လာသည်

ChiZuဟာ အနီရောင်ရိပ်သန်းနေသော လူတွေကြားမှ ဖြတ်သန်းကာ ခန်းနားလှပသော အိမ်ဆောင်ကြီးတစ်ခုအတွင်းသို့ ဝင်သွားသည်

ChiZuဟာ အဖြူပေါ်၌ အနက်ဘောင်ကွပ်ထားသော ခပ်ထူထူအသားဖြင့် ချုပ်လုပ်ထားသည့် ဝတ်စုံအား ဆင်မြန်းထားသည်

ထိုအနားသတ် အနက်ရောင်အကွပ်သည် လက်တစ်ဖဝါးခန့်ကျယ်ပြီး အပေါ်၌ ငွေချည်ကနုတ်များစွာ ရှိ၏

လည်ပင်း၌ နွေးထွေးစေရန်အလို့ငှာ ဝတ်စုံနှင့်ဆင်တူသည့် မာဖလာလို အဝတ်စကြီးတစ်ခုအားလည်း ပတ်ထားသည်

ထိုမာဖလာကြီးသည် ခြေမျက်စိအထိတိုင်ရှည်လျား၏

ခါး၌ အမျိုးစုံသော ရတနာတို့ဖြင့်ပြုလုပ်ထားသည် အမှတ်တံဆိပ်ပြား သုံးခုအားလည်း တွဲလောင်းချထားသည်

ကျော၌ မြေပုံထည့်သည် အလွန်ကြီးမားသော စက်လုံးပုံ ဘူးဝိုင်းကြီးတစ်ခုအား လွယ်ထားသည်

ရှင်းလင်းသန့်စင်နေသော ပုံရိပ်သွင်ဟာ ခန့်ညားစွာပင် ရင်အုပ်ကျယ်ကျယ်တို့ကြောင့် လွန်စွာကြည့်ကောင်းလှ၏

အနက်ရောင်ဆံပင်ရှည်များအောက်က မျက်နှာပေါ်ရှိ အစိတ်အပိုင်းများဟာလည်း ထင်းနေသည်

မီးရောင်အောက်ရောက်တော့မှ ယနေ့ည ChiZu၏ အသွင်ဟာ ယမန်နေ့များနှင့် ကွဲလွဲစွာ နတ်ဗိမာန်သခင်များ၏ အသွင်မျိုးဖြစ်နေသည်ကို သေချာတွေ့ရသည်

ယမန်နေ့များ၏ ရိုးရှင်းနုနယ်သော မျက်ဝန်းများဟာ ယခုတော့ ကျားရဲတစ်ကောင်၏ မဲနက်နေသော အကြည့်စူစူးတစ်ခုလိုရှိ၏

အပြုံးများကအစ မင်သက်စွာ မှော်ဝင်နေစေသလိုပင် ထင်ရသည်

Chizuဟာ မိမိအားငေးကြည့်နေသော XiuYiအား လှည့်ကြည့်ကာ ပြုံးပြ၏

"မင်းသားငယ် ကျွန်တော်မျိုးကို အံ့သြနေသလိုပဲ"

"Anm~~"

XiuYiဟာ ခိုးကြည့်နေတာ လူမိသလိုမျိုး ပြန်ပြုံးပြသည်

"omm~~"
"ထူးဆန်းနေသလားလို့ပါ~~"

Love Story From Defulo (S2), YenYen isn't YenYenWhere stories live. Discover now