part-7

1.3K 177 7
                                    

"Luhan ငါ​ပြောစရာရှိတယ်​"

အလုပ်​မသွားခင်​မနက်​စာ​လေး​ ​ကျွေးချင်​လို့အားတက်​သ​ရောပြင်​ဆင်​ကာ ​hyungနဲ့အတူတူစားရန်​ ​စားပွဲတွင်​စိတ်​ရှည်​လက်​ရှည်​ထိုင်​​စောင့်​​နေမိသည်​...မနက်​မိုးလင်းသွားနှိုးကတည်းကအခုထိ မျက်​နှာမကြည်​မသာနှင့်​ hyungဟာ မနက်​စာပင်​​ဖြောင့်​​အောင်​တန်း​အောင်​မစားဘဲ တစ်​ခုခု​ပြောရန်​ဆိုင်းပြင်း​နေသည်​...

"အ​ရေးမကြီးရင်​​နောက်​မှ​ပြောပါလား hyungရဲ့ ...ကျွန်​​တော်​လဲအချိန်​သိပ်​မရဘူး စားပြီးတာနဲ့​ကျောင်း​စော​စောသွားရမှာ စာ​မေးပွဲအတွက်​ စာကြည့်​တိုက်​သွားဖို့ရှိတယ်​"

ဘာ​ပြောမလဲသူသိသည်​... hyungဟာ​နောက်​ဆုံး​တော့ သူ့​ကြောင့်​ထပ်​ပြီး စိတ်​ရှုပ်​မခံနိုင်​​တော့ပုံ​ပေါ်သည်​...​အကုန်​ဖွင့်​​ပြောကာသူနှင့်​ ရှိရှိသမျှ ဇယားအကုန်​ရှင်းချင်​​နေမှန်း သိ​သော်​လဲ hyungကိုသူလက်​လွတ်​မ​ပေးနိုင်​ပါ ...မနက်​စာအတူတူစားရင်းကြည်​ကြည်​နူးနူးဖြတ်​သန်းမည်​ဟု စိတ်​ကူးထားတာ​လေး​တွေဟာလဲ ကြက်​​ပျောက်​ငှက်​​ပျောက်​...

စကားစထပ်​မစလာခင်​ ပန်းကန်​ထဲက ​ပေါင်​မုန့်​မီးကင်​ကိုပါးစပ်​ထြဲဖစ်​သလိုထိုးထည့်​ ​ကော်​ဖီကို ​မော့​သောက်​ကာ စားပွဲမှထလာခဲ့သည်​ ...

"Hyung သွားပြီ​နော်​ ည​နေမှ​တွေ့မယ်​​စော​စောပြန်​လာခဲ့"

အ​နောက်​ကဘယ်​အချိန်​လှမ်း​ခေါ်လိုက်​မလဲ ဆိုပြီး တက်​နိုင်​သမျှ​ခြေလှမ်းကြဲများနှင့်​ တိုက်​ခန်းမှထွက်​လာမိသည်​ ...ကားမှတ်​တိုင်​နား​ရောက်​လို့ သတိပြန်​ကပ်​မိ​တော့ သူ့မှာအ​ပြေးတစ်​ပိုင်း နဲ့ ဖရိုဖရဲ ​မောလို့ပင်​​နေသည်​...ဘဝကရင်​နာစရာ​ကောင်းတယ်​...ချစ်​​ပေးတဲ့ အ​ဖေကျ​တော့ မျက်​စိ​ရှေ့တင်​ ​သွေးသံရဲရဲနဲ့ လက်​လွတ်​လိုက်​ရတယ်​...​ဘေးနားဘယ်​သူမှမရှိမှာ​ကြောက်​လို့ hyungကိုကျ​တော့လဲ သူ့​ကြောင့်​စိတ်​ရှုပ်​​နေမှန်းသိသိနဲ့ အရှက်​မရှိ တွယ်​ကပ်​​နေရ​သေးတယ်​...

                       Sweet lies

တ​နေကုန်​ အလုပ်​လုပ်​​နေရ​သော်​လဲ စိတ်​ကမ​ဖြောင့်​ ...မနက်​က အ​လောတကြီး ထွက်​သွားတဲ့​ကောင်​​လေး​ကျောပြင်​ငယ်​ငယ်​သာ သူ့အာရုံထဲ​နေရာယူလို့...​စော​စောပြန်​ပြီး စကား​လေးဘာ​လေး​ပြောဦးမှပါ ...ကားပါကင်​နား​ရောက်​​တော့လူကအလိုလိုရင်​ခုန်​လာသည်​ ...ပြန်​ရင်​​စောင့်​​နေမယ့်​လူရှိမှန်းသိလို့လားမသိ အိမ်ဘဲ​စော​စောပြန်​ချင်​​နေ​တော့သည်​...ရုံးဆင်းတာ​တောင်​အိမ်​ပြန်​ဖို့မစဉ်းစားသည့်​သူက ရုံး​စော​စောဆင်းသဖြင့်​ ဝန်​ထမ်းများ ထူးဆန်းသလိုကြည့်​လာတာကို​တောင်​မသိချင်​​ယောင်​​ဆောင်​ရ​သေးသည်​...​ဟော...​တွေ့ပါပြီ ​...အရိပ်​ဖြူဖြူလွှလွှ​လေး ...​အသက်​နှစ်​ဆယ်​ရွယ်​က​လေးစိတ်​မကုန်​​သေးတဲ့​ကောင်​​လေး ...ဘယ်​​လောက်​​တောင်​များအ​ဖေဖြစ်​သူဆီကအချစ်​ခံပြီး​နေရပါလိမ့်​...ပြန်​​တွေးမိပြန်​​တော့လဲစိတ်​မ​ကောင်း...သူ့ခမျာ အ​ဖေမရှိအ​မေမရှိနဲ့ မို့ကိုယ့်​အ​ပေါ်တွယ်​တာ​နေရှာသည်​ ...အမှန်​အတိုင်းဖွင့်​​ပြောလို့နာကျင်​သွားမှာလဲမလိုလား...ဒီအ​ခြေအ​နေအတိုင်းဆက်​​နေသွားရင်​​ရော? ...ကြာရင်​ဘာ​တွေဆက်​ဖြစ်​လာမှာလဲ...

Sweet LiesWhere stories live. Discover now