Part-20

2.2K 261 72
                                    


" အမျိုးသားနှစ်​ဦးအတူတူ​နေကြတာက သဘာဝအတိုင်းမဟုတ်​တာမို့ အမျိုးသမီးတစ်​ဦး နဲ့ အတူတူ​နေတာ​လောက်​ ​တော့ အဆင်​မ​ပြေနိုင်​ပါဘူး...​ lubricants တစ်​ခုခုသုံးမယ်​ဆိုရင်​​တောင်​ တွဲဖက်​အမျိုးသားအတွက်​အနည်းနဲ့အများ နာကျင်​​စေမှာပါ "

ဆေးရုံကအပြန်​ ဆရာဝန်​စကား​တွေကနားထဲမှမထွက်​ ။ ချစ်​တာအပြင်​ ဒီလိုကိစ္စ​တွေပါ ပါလာမယ်​မှန်း နှုတ်​ခမ်း နုနုကိုနမ်းပြီးကာမှ သတိဝင်​လာသည်​ ။ အလိုက်​ကမ်းဆိုး မသိ မထင်​လျှင်​မထင်​သလို ပါးလာနမ်းလိုက်​ ၊ ရင်​ဘက်​လာနမ်း​လိုက်​လုပ်​​သော ထို​ကောင်​​လေး​ကြောင့်​ ပိုဆိုးသည်​ ။ အသက်​ပြင်းပြင်းရှူရင်း ရင်​ခွင်​ထဲက ​ကောင်​ငယ်​​လေး အိပ်​​ရေးမပျက်​​စေဖို့ ​ချွန်းအုပ်​ထားရ​သော စိတ်​ရိုင်းတို့က အပြာ​ရောင်​ရင့်​ရင့်​ ။ ကြာလာလျှင်​ ဒီထက်​ပို မထိန်းချုပ်​နိုင်​လို့ အနိုင်​သာကျင့်​မိလိုက်​လျှင်​ ထို​ကောင်​​လေး ရွံမုန်းသွားမှာလဲ စိုးရိမ်​ရသည်​ ။

က​လေးက ငယ်​​သေးတာမို့ နမ်းလိုက်မိ​ပြီးရင်​ မရပ်​တန့်​ချင်​​တော့တဲ့ ရမ္မက်​ အ​ပျော့စား​တွေအ​ကြောင်း သူရှင်းမပြချင်​​သေးပါ ။ဒီလိုအ​ခြေအ​နေ​တွေကိုလိုအပ်​လို့ ​ဘေးနား​ခေါ်ထားပါသည်​ဟုလဲအဖြစ်​မခံနိုင်​ ။ ဘာမှမ​တွေးဘဲလက်​ထပ်​ဖို့ထိလုပ်​ ကာကွယ်​​ပေးချင်​ခဲ့သည့်​ ထို​ကောင်​​လေးဆီကဘယ်​လိုအထင်​အမြင်​လွဲမှားမှူမျိုးကိုမှ မခံချင်​ ။ 

                         Sweet lies

ကားပါကင်​ထဲချိုး​ကွေ့လိုက်​​တော့ အရင်​လိုကားပါကင်​မှာ စောင့်​​နေတဲ့အရိပ်​ငယ်​​လေး ။ ရက်အတန်ကြာ​​လစ်​ဟာ​နေရာမှ ပြန်​လည်ေ​ရာက်​ရှိ​နေတဲ့ လူသား​လေးကို ကြည့်​​နေရတာကိုက ​ငေးမဝစွာ ။ တ​နေရာတည်းလဲ ငြိမ်​ငြိမ်​ရပ်​​နေတာမဟုတ်​ ​ခြေတ​ပေါင်​ကျိုးဖြင့်​ ဟိုခုန်​ဒီခုန်​နှင့်​ လုပ်​​နေ​သေးသည်​ ။ ပြုံးသွားမိတဲ့ နှုတ်​ခမ်း တစ်​စုံဟာ စိတ်​လိုလက်​ရဖြစ်​လျှက်​ ။ တစ်စုံတစ်​​ယောက်ကိုေ​ငးကြည့်​​နေရတာကိုက ​ပျော်​ရာဖြစ်​​နေမယ်​မှန်း ဘယ်​သူခန့်​မှန်းမိခဲ့မှာလဲ ။

Sweet LiesOù les histoires vivent. Découvrez maintenant