part -12

1.6K 191 33
                                    

ဖုန်း​ပြော​နေရင်းနဲ့ ခပ်​လှမ်းလှမ်းက​နေ luhan ကို​ငေးကြည့်​မိ​တော့ သူ့ဘက်​ကို​ငေး​နေသည်​ ။ တစ်​ဖက်​ကလဲ ​ဂျောင်​မင်​ယူက ​အ​ကြောင်းမကြားဘဲအလုပ်​မလာတာမို့ ​ဒေါသူပုန်​ထ ကာ​ပြောဆို​နေ​လေသည်​ ။ စိတ်တိုပြီး​​ပြောမိ​ပြောရာ​​ပြောနေတာမို့ မင်ယူအသံကိုနားေ​​ထာင်ရတာကိုက အူမြူးဖို့​​ကောင်းေ​နသည်​ ။ တကယ်​ပါဘဲ သူ​ဋ္ဌေးက အတွင်း​ရေးမှူး​ဆီက​နေအဆူခံရတာ သူ တစ်​​ယောက်​ဘဲရှိမည်​ထင်​သည်​ ။

"နားမယ်​ဆိုလဲ ​စော​စောစီးစီး​ပြော​ပေါ့ အခုငါ့မှာဘယ်​​လောက်​​တောင်​ အလုပ်​ရှုပ်​လိုက်​သလဲ "

"မ​နေ့ကငါမူးသွားတာ​ရော ဘယ်​သူ့​ကြောင့်​လဲ ...နင်​သောက်​ရမယ့်​ဟာကိုပါ​သောက်​​ပေး​နေရတာမို့ ငါ့မှာ ​ခေါင်း​တောင်​မထူနိုင်​ဘူး ...​ကျေးဇူးတင်​တဲ့အ​နေနဲ့ ဒီ​နေ့ ကြည့်​လုပ်​လိုက်​ ဖုန်းလဲထပ်​မဆက်​နဲ့ ငါ dating လုပ်​​နေတယ်​ ဒါဘဲ "

ဖုန်း​​ပြောပြီး luhan ဆီပြန်​​ပြေးကာ လမ်းပြန်​​လျှောက်​ဖို့ပြင်​ရသည်​ ... ​ကောင်​​လေးက ခုရက်​ပိုင်းဘာလို့မှန်းမသိမျက်​နှာသိပ်​မ​ကောင်းချင်​ ...အခုလဲ သူ့ကိုပြုံးပြ​နေ​ပေမယ့်​မျက်​ဝန်း​တွေကအသက်​မပါ ...​နေများမ​ကောင်းလို့လား? အပြင်​မှာအရမ်းဘဲ​အေးလို့လား ?

သူ့အ​နွေး ထည်ေ​ပးဝတ်​ထားတာမို့ luhanနဲ့ကအ​တော်​ကြီးကာ လက်​ဖျား​လေး​​တွေ​တောင်​မမြင်​ရချင်​ ။တစ်​ခါတစ်​ခါလမ်း​​လျှောက်​​နေရင်းနဲ့ ​​အမှတ်​မထင်​လက်​ချင်းတိုက်​မိ​သေးသည်​ ။ဒီလိုကြီးလမ်း​လျှောက်​​နေတာမျိုးထက်​စာရင်​ လက်​​လေးကိုင်​​လျှောက်​ရင်​ပို​ကောင်းမလား ။ luhan က​တော့ ​တောင်​ကြည့်​​မြောက်​ကြည့်​နဲ့ သူ့ကိုသတိပြုမိပုံမ​ပေါ် ။

လက်​ကိုဆွဲယူလိုက်​​တော့ သူ့လက်​ဖဝါးထဲ လက်​​သေး​သေး​လေးက အံဝင်​ဂွင်​ကျပါလာသည်​ ။ ထို့အတူ အံသြပြီးမယုံနိုင်​သလို မျက်​ဝန်း​လေးများနှင့်​ သူ့ကို​မော့ကြည့်​​နေ​သေးသည်​ ။ ​နွေး​ထေွးးသည်​ ။ လက်​​လေးတစ်​ဖက်​ကိုသာကိုင်​ပြီး လမ်း​လျှောက်​ရမယ်​ဆို ချယ်​ရီပင်​တန်းအဆုံးထိမဟုတ်​ဘဲ ကမ္ဘာ​မြေ အဆုံးထိပါလမ်း​လျှောက်​နိုင်​လိမ့်​မည်​ဟု သူ​တွေးမိလိုက်​သည်​ ။ ဘယ်​သူ​တွေဘဲ သူ့​ဘေးနားရှိရှိ luhan ​ဘေးနားရှိ​နေတာနဲ့ မတူသလိုခံစားရသည်​ ။ ဒီလိုခံစားချက်​အသစ်​အဆန်းက ဘာပါလိမ့်​ ?

Sweet LiesOpowieści tętniące życiem. Odkryj je teraz