Part-14

1.6K 224 50
                                    

စိတ်​​လော​နေတာ​ကြောင့်​ bellပင်​မတီးဘဲ ​ပြောပြထားဖူး​သော PW ကိုရိုက်​ဖွင့်​ရင်း အထဲဝင်​လိုက်​​သော်​လဲ မထင်​မှတ်​ထား​သော မြင်​ကွင်းက Wu Yifan ကိုကြိုဆို​နေ​လေသည်​ ။ ​ကော်​ဖီခွက်​ကိုင်​ မှန်ေ​တွကာထားသည့်​အထပ်​မြင့်​က​နေ ညရှုခင်းကြည့်​​နေသည့်​ ​ဂျောင်​မင်​ယူဟာ ​အေး​အေးလူလူ ။ ​သေမလိုဖြစ်​လို့ အားကိုးတကြီးဖုန်းဆက်​ခဲ့တာ သူမ,မဟုတ်​သည့်​အတိုင်း ။

"သက်​သာသွားတာလား မင်​ယူ...ဘာဖြစ်​တာလဲ "

"ငါဘာမှမဖြစ်​ဘူး အန်​တီကဖုန်းဆက်​ပြီးအကူအညီ​တောင်းလို့လုပ်​​ပေးလိုက်​တာ "

"ဘာ....."

အ​ခြေအ​နေအရပ်​ရပ်​ကိုနားမလည်​တာ​ရော စိတ်အရမ်းပူပြီး ကားကိုအတင်း​မောင်းလာရတာ​ကြောင့်​​ရော သူ့မှာ ဧည့်​ခန်း​ပေါ်က ဆိုဖာ​ပေါ်​ခြေပစ်​လက်​ပစ်​ထိုင်​ချမိလိုက်​သည်​ ။

"ဘာ​သောက်​မလဲ ကော်​ဖီ ? "

"မ​သောက်​​တော့ဘူး ဒါနဲ့​နေပါဦး အ​မေက ဘာလို့ဒါမျိုးနင့်​ကိုခိုင်းတာလဲ တစ်​ခုခု​ပြောသွား​သေးလား"

"ငါ​မေးရင်​အမှန်​အတိုင်း​ဖြေမှာလား yifan "

မင်​ယူက မှန်​​တွေနားက​နေ မတ်​တပ်​ရပ်​​နေရာမှ သူထိုင်​​နေသည့်​ ဆိုဖာ​ဘေးဝင်​ထိုင်​လာကာ ​လေး​လေးနက်​နက်​ ​မေးသည်​ ။

"နင်​တွဲ​နေတဲ့ ​ကောင်​​လေးရှိတယ်​ဆို ငါသတိ​တော့ထားမိ​ပေမယ့်​ နင့်​ကိုယ်​​ရေးကိုယ်​တာမို့လို့ ​သေ​သေချာချာမ​မေးဖြစ်​တာ "

"ဘယ်​သူ​ပြောတာလဲ အ​မေ​ပြောတာလား?"

"အင်း......ပြီး​တော့ အဲ့​ကောင်​​လေးကနင့်​ကိုချူစား​နေတာတဲ့ ငါနင့်​အိမ်​မှာ​တွေ့ခဲ့တဲ့​ကောင်​​လေး ဟုတ်​တယ်​မှတ်​လား"

"Tsk ...ဘာကိုချူစားရမှာလဲ မားက​တော့လုပ်​ပြီ "

"တကယ်​တွဲ​နေကြတာလား yifan "

"အင်း ..အ​ခြေအ​နေအရအဲ့လိုဖြစ်​သွားတယ်​ "

တိတ်​ဆိတ်​ သွား​သော နှစ်​​ယောက်​ကြားအ​ခြေအ​နေ ​ကြောင့်​ ဘာမှဆက်​မ​ပြောတက်​​တော့ ။အမြဲတမ်းလုပ်​ငန်းကိစ္စကလွဲပြီး ​ပြော​လေ့​ပြောထမရှိတာ​ကြောင့်​ ဒီလိုအ​ကြောင်းအရာမျိုးကို​ပြောဆို​နေရတာက စိတ်​သက်​​တောင့်​သက်​သာမဖြစ်​ ။

Sweet LiesWhere stories live. Discover now