Ending ❤

2.4K 263 89
                                    

" ဟန်းနီးမွန်းဘယ်​သွားချင်​လဲ ? "

"Hyung ကအားလို့လား မသွားလဲရ​တယ်​ ဘာမှမဖြစ်​ဘူး စိတ်​ထဲမထည့်​နဲ့ "

"စဉ်းစားထားတဲ့​နေရာ​​တော့ရှိ​ပေမယ့်​ က​လေးသွားချင်​တဲ့​နေရာကိုဦးစား​ပေးမလားလို့ "

"ရတယ်​လို့မသွားလဲ ဘာမှမဖြစ်​ပါဘူးဆို "

"မသွားလို့​တော့ဘယ်​ရပါ့မလဲ ​လက်​ထပ်​ပြီးတာဖြင့်​ကြာ​တောင်​ကြာ​နေပြီ အလုပ်​လဲအကုန်​လက်​စသတ်​ပြီးသားဆို​တော့ သွားရ​အောင်​ "

" hyung သ​ဘော​လေ "

ရင်​ခွင်​ထဲ​နေပြီး စကားသာအလိုက်​သင့်​ပြန်​​ပြော​နေ​ပေမယ့်​ luhan အာရုံက သူ့ဆီမှာသိပ်​မရှိ ။ လက်​ထဲကဖုန်းscreen ​ပေါ်တွင်​သာ သဲသဲမဲမဲ ဖြစ်​​နေ​လေသည်​ ။ အိပ်​မယ်​ဆိုပြီး ခုတင်​​ပေါ်တက်​ ​စောင်​ခြုံပြီးရင်​ခွင်​ထဲဝင်​​နေ​ပေမယ့်​ ​ကောင်​ငယ်​​လေးဟာမအိပ်​​ဘဲ ဖုန်းကလိ​နေ​လေသည်​ ။

အခန်းထဲမီးပိတ်​ထား​သော်​လဲ ဖုန်းscreen မီး​ရောင်​​တောက်​​တောက်​က luhan မျက်​နှာ​ပေါ်ထင်း​နေတာမို့ မျက်​နှာ​လေးတင်း​ပြောင်​​နေတာရယ်​ မျက်​လုံး​လေးအ​ရောင်​​တောက်​​နေတာကိုမြင်​​နေရသည်​ ။ အသဲယားလာ၍ ​ကောင်​ငယ်​​လေး၏ နှဖူးပြင်​​ပေါ်သို့ အသာဖိကပ်​ပြီး နှာ​ခေါင်းလုံးလုံး​လေးကိုအသာကိုက်​ဆွဲ​တော့ luhan ကမချိုမချဉ်​​ပြုံးကာ ဖုန်း​ကိုဘေးချပြီး လက်​နှစ်​ဖက်​လုံးနှင့်​ သူ့​မေးဖျား​လေး​ပေါ်အသာနမ်းကာ ​အောက်​နှုတ်​ခမ်းကို ခပ်​ဖွဖွငုံပြီးမှ လွှတ်​​ပေး​သည်​ ။

"အိပ်​​တော့​လေ hyung ​စော​စောကတည်းက မျက်​​ကြော​တွေစင်း​နေတာ အလုပ်​ကပင်​ပန်းလာတယ်​မှတ်​လားအိပ်​​တော့​နော်​ ကျွန်​​တော်​အပြင်​မှာ ဖုန်း​လေးခဏထွက်​သုံးလိုက်​ဦးမယ်​ "

"ဘာဖြစ်​လို့လဲ မသွားနဲ့ ဒီလိုဘဲသုံး​လေ "

"hyung အိပ်​​ရေးပျက်​မှာစိုးလို့ "

"ဒါဆိုလဲမသုံးဘဲ အတူတူအိပ်​မယ်​​လေ "

"ကျွန်​​တော်​ဖုန်းသုံးချင်​​သေးတယ်​​လေ "

Sweet LiesWhere stories live. Discover now