|| ONE ||

13.3K 1K 46
                                    


Chapter - One

ကြွက်​က​လေး​တွေက ဆန်​ကိုချစ်​သလိုမျိုး ♥

____________________________________

ဒယ်​ဆန်း တက္ကသိုလ် ။ပထမဆုံး အတန်းချိန်​ စဖို့
ငါးမိနစ်​အလိုမှာ   သူက ​ကျောင်းအလာလမ်းတဝက်
မှာ   စက်​ဘီးကိုဒုန်းဆိုင်းနင်း​နေရတဲ့  အချိန်​  ။  ​လေ
အ​ဟုန်​​ကြောင့်​   ရှုပ်​ပွကုန်​တဲ့  ဆံပင်​​တွေက အိမ်​​ဘေး
သစ်​ပင်​​ပေါ်က    ငှက်​သိုက်​လိုပဲ ဖြစ်​​နေမှာ မြင်​​ယောင်
မိပါ​သေးတယ်​   ။  စက်​ဘီးလက်​ကိုင်​ကို  ဖိကိုင်​ထားရ
တဲ့    လက်​ဖဝါး​တွေက  ​ချွေး​စေး​တွေပင်​ ထွက်​​နေပြီ။

"  ဆရာ  ဆရာ  ကျွန်​​တော်​   ကျွန်​​တော်​ ကျန်​​သေး "

ကျောင်းတံခါးပိတ်​ဖို့ ဟန်​ပြင်​​နေတဲ့   ဆရာလူပျိုကြီးရဲ့
ရှေ့တည့်​တည့်​ကို    ဘရိ​တ်​ညစ်​ဖို့​မေ့ပြီး  မျက်​လုံးပြူး
မျက်​ဆန်​ပြူးနဲ့.   ဝင်​တိုးမိ​တော့   ဆရာမှာလဲ  ​ဘေး
ဘက်​ကို  ပြူးတူးပြူးတဲနဲ့ ထွက်​​ပြေး​ရ​တော့သည်​   ။

"  ​ဗြောင်​ဘတ်​ဟျွန်း   မင်း     !  "

"​တောင်းပန်​ပါတယ်​ ဆရာ ​တောင်းပန်​ပါတယ်​ ။ "

အ​ရှောင်​​ကောင်းသွားတဲ့   ဆရာလူပျိုကြီးတ​ယောက်​ 
နောက်​က​နေ.    သူ့ကို​မျက်​နှာကြီးနီရဲပြီး   ​အော်​ဟစ်
ကျန်​ခဲ့​လေ​တော့သည်​   ။  ကိုယ့်​မှာလဲ  လှည့်​​တောင်
မကြည့်​နိုင်​ဘဲ    စက်​ဘီးကို  စက်​ဘီးထားတဲ့​နေရာဆီ
ရောက်​​အောင်​  အရှိန်​မ​လျော့တမ်း နင်း​နေရသည်​  ။

နာရီကိုကြည့်​လိုက်​​တော့    ၈နာရီ  ၃၅မိနစ်​   ။

"    ချီး   !!  ​သေပြီပဲ   ​နောက်​ကျ​နေပြီ   ။ "

လွယ်​အိတ်​ကို   လက်​တဖက်​က ဆွဲကိုင်​ပြီး စာသင်​ခန်း
ဘက်​   အ​လောတကြီး   ​ခြေသံ​တွေ တဖုန်းဖုန်းမြည်
နေ​အောင်​   ​ပြေးရ​တော့သည်​   ။ 

|| My Boyfriend is tall and smart ||Donde viven las historias. Descúbrelo ahora