|| FIVE ||

6.1K 958 54
                                    

ကျောင်းပွဲ​တော်​၏ မနက်​ခင်းအစပိုင်း  ။  အတန်းထဲက
ကျောင်းသူမိန်းက​လေး​တွေ   လက်​ချက်​​ကြောင့်​ ​ဗြောင်
ဘတ်​ဟျွန်းတ​ယောက်​    ​ကျောထိနီးပါးရှည်​သည့်
ဆံပင်​အတုကိုတပ်​ထားရပြီး   မိန်းက​လေး​ကျောင်းဝတ်
စုံနှင့်​     မုန့်​စားလက်​မှတ်​​ရောင်းသည့်​​နေရာမှာ  ပြုံးပြုံး
လေးနှင့်​   မတ်​တပ်​ရပ်​​ပေး​နေရသည်​  ။   ​ယောင်္ကျား
လေးမှန်းသိကြ​ပေမဲ့   ချစ်​စရာ​ကောင်း​နေသည့်​အချက်
ကြောင့်​   သူတို့အတန်း၏    မုန့်​စားလက်​မှတ်​​တွေဟာ
ဘတ်​ဟျွန်း​ကြောင့်​    ​ရောင်းအားသွက်​​နေ​လေ၏ ။

ဆူဆူညံညံ   လူရှုပ်​​နေတဲ့ ​ကျောင်းဝန်းထဲ လက်​မှတ်
တွေ အပြိုင်​အဆိုင်​​ရောင်းကြရင်း  ၊  အလှအယက်​တိုး
ဝှေ့ ဝယ်​​နေကြရင်း    ​ပျော်​ရွှင်​စရာ ​ကျောင်းပွဲ​တော်​ဟာ
စည်းကား​နေ​လေ၏ ။   သို့​ပေမဲ့   လက်​မှတ်​​ရောင်း
သည့်​​နေရာကို    ​ပေါ်မလာ​သေးတဲ့ လူတ​ယောက်​ကို
ဘတ်​ဟျွန်းတ​ယောက်​   တ​မျှော်​​မျှော်​လုပ်​​နေရသည်​ ။

ဓာက်​ပုံတွဲရိုက်​ဖို့ အတင်း​တောင်းဆို​နေတဲ့ ​ကျောင်းသူ|
ကျောင်းသား​တွေ​ကြောင့်​    နူတ်​ခမ်း​လေးကိုပြုံးရင်း ၊
လက်​နှစ်​​ချောင်း​ထောင်​ကာ  ​အောင့်​အီးသည်းခံ​နေရ၏။
အ​ရေးထဲ   ဖုန်းနံပါတ်​​တောင်းတာ​တွေကပါ​သေးသည်​။
ပူအိုက်​လာ​လေ ဆံပင်​တုကြီးကို   ဆွဲချွတ်​ချင်​လာ​လေ
လေ ဖြစ်​သည့်​စိတ်​ကိုလဲ  ကြိတ်​မှိတ်​သည်းခံရပြန်​၏ ။

"   ရီရှင်း    ကျန်းရီရှင်း  "

မမြင်​ဘဲ ​ကျော်​ခွသွား​တော့မည့်​ ရီရှင်းကို အတင်းလှမ်း
ခေါ်ရ​သေးသည်​   ။  မဟုတ်​မှ  ကိုယ့်​ကို မမှတ်​မိတာ
မဟုတ်​​လောက်​ပါဘူး​နော်​  ။ " ​ခေါ်တာလား " ဆိုတဲ့
မမှတ်​မိသလို  မင်​​သေ​သေအကြည့်​​ကြောင့်​  အနားက
မိန်းက​လေး​ကျောင်းသူ​တွေက ထရယ်​ကုန်​ကြ​တော့
သည်​    ။

"   ကျန်းရီရှင်း  ငါ  ငါ  ​ဗြောင်​ဘတ်​ဟျွန်း  "

|| My Boyfriend is tall and smart ||Where stories live. Discover now