မနက်ပိုင်း အတန်းချိန်တချိန်အပြီးမှာ စာသင်နေချိန်
တိတ်ဆိတ်နေတတ်တဲ့ ဗြောင်ဘတ်ဟျွန်းက ဆရာမ
ထွက်သွားတာနဲ့တပြိုင်နက် သူ့အသံက ထွက်ပေါ်
လာတော့သည် ။ သူ့ပါးစပ်ကနေ ' ရီရှင်း ´ ဆိုတဲ့
အမည်နာမကို မချတမ်းအော်ဟစ်နေပြီး တခုပြီး
တခု တောင်းနေတတ်သည် ။" ရီရှင်း ငါ့ကို ရေတိုက် "
" ရီရှင်း ငါ့ကိုမုန့်ကျွေး "
" ရီရှင်း ငါ့ကိုကြည့် "
ရီရှင်းဆီက ပါလာတတ်တဲ့ မုန့်မှန်သမျှကို အားမ
နာတမ်း တောင်းတောင်းစားတတ်ပြီး ၊ စာအုပ်ဖတ်
နေတဲ့ ရီရှင်းကို မော့မကြည့်မနေရအောင် မနား
တမ်းခေါ်နေပြီး ဟာသတွေလဲ လုပ်ပြနေပြန်သည်။
ပါးချိုင့်နှစ်ဖက်လုံး ထင်းခနဲပေါ်သွားအောင် ရီရှင်း
ပြုံးလိုက်တဲ့အခါ ဗြောင်ဘတ်ဟျွန်းက. အောင်နိုင်သူ
တယောက်လို ဝင့်ဝင့်ကြွားကြွားဖြစ်၏ ။ အနေတည်
တံ့တဲ့ ၊ ပြုံးနိုင်ဖို့ခဲယဉ်းတဲ့ ရီရှင်းကို သူတယောက်
သာ ပြုံးအောင်လုပ်နိုင်စွမ်းရှိသည် ။ တခြားသူနဲ့
အပေါင်းအသင်း မလုပ်တတ်တဲ့ ရီရှင်းဟာ
ဘတ်ဟျွန်းလို မနားတမ်းစကားပြောနိုင် ၊ ဟာသ
လုပ်နိုင်တဲ့ သူကိုတော့ သည်းခံပြီးခင်မင်သည် ။ရီရှင်း နဲ့ ချန်းယောလ်က စာတော်တဲ့ကျောင်းသားတွေ
တော့ မှန်ပေမဲ့ တချို့နေရာတွေမှာ အများကြီး
ကွာသည် ။ ချန်းယောလ်က. အနေတည်တံ့ပေမဲ့
ရီရှင်းလောက်တော့ မဟုတ် ။ လူအများနဲ့ ပေါင်း
သင်းဆက်ဆံတဲ့အခါမှာတော့ တော်သည် ။ ရီရှင်း
ကတော့ သီးသန့်သာ ခပ်အေးအေးနေတတ်သူ ။
ချန်းယောလ်က အားကစားမှာလဲ တော်တဲ့သူဖြစ်ပြီး
ရီရှင်းကတော့ အားကစားဘက်ကို ဝါသနာပါသူ
မဟုတ် ။ နှစ်ယောက်တူတဲ့ အချက်က သီချင်း
ကောင်းကောင်း ဆိုတတ်ကြတာပင် ။ မတူညီတာ
များတဲ့ လူထူးဆန်းနှစ်ယောက်ကို ဗြောင်ဘတ်ဟျွန်း
တယောက် သူငယ်ချင်းတော်တာခြင်းပင်ဖြစ်သည် ။
![](https://img.wattpad.com/cover/176283536-288-k306224.jpg)