//ELEVEN//

4.6K 803 94
                                    


တတန်းလုံးရဲ့အရှေ့မှာ ထုတ်ဖော်ပြောပြပြီးတဲ့နောက်
ပိုင်း အတန်းထဲကိုယှဉ်တွဲလို့နှစ်ယောက်သားဝင်လာရင်
တောင်ပြုံးစစနဲ့ကြည့်နေတတ်ကြတဲ့ အတန်းသူ/သား
တွေကြောင့် မျက်နှာပူရပြန်သည် ။ နှစ်ယောက်သားအ
ကြည့်ချင်းစုံလို့ပြုံးပြမိကြရင်တောင် အဟင်း/အဟမ်း
အသံတွေ ဟိုနေရာ၊ဒီနေရာကနေ တယောက်တပေါက်
ထွက်လာကြသည်မှာလဲအခါခါ ။ အတန်းခေါင်းဆောင်
လို့ခေါ်ရင်ဘတ်ဟျွန်းဆိုတဲ့နာမည်ကိုတွဲခေါ်တတ်ကြပြီး
ဘတ်ဟျွန်းလို့ခေါ်ရင် အတန်းခေါင်းဆောင်ဆိုတာကို
တွဲခေါ်ပြီး စနောက်တတ်ကြပြန်သည် ။

ကိုကိုရေ!  ကိုကို့အတန်းသားတွေက ဆိုးတယ် ။

စာသင်ချိန်တွေမှာ အိပ်ငိုတတ်တဲ့ဘတ်ဟျွန်းနီ တစ်
ယောက် ရှေ့ကတယောက်ကိုယ်နဲ့ကွယ်ထားရင်း ခုံပေါ်
ကိုခေါင်းမှောက်ကျတော့မတတ် အိပ်ငိုက်ကောင်းနေ
လေ၏ ။ အတန်းခေါင်းဆောင်ကိုကိုကတော့ စာကို စိတ်ဝင်တစားလိုက်ကြည့်နေသလောက် သူကတော့ အ
ငိုက်ကောင်းနေသည်လေ ။ ကိစ္စမရှိပါ  ကိုကို တယောက်လုံးရှိနေတာပဲကို  ဘတ်ဟျွန်းနီလေးကို ကိုကိုက ရှင်းပြပေးမှာပေါ့  စိတ်ပူစရာလားနော် ။

" အတန်းခေါင်းဆောင် ဘတ်ဟျွန်း အိပ်ငိုက်နေတယ်"

တယောက်ယောက်၏ အတိုင်အတမ်းစကားကြောင့်
လန့်ဖြန့်ပြီး အိပ်ငိုက်နေရာကနေ ခေါင်းကိုဆတ်ခနဲမော့
ပစ်လိုက်တော့ တခိခိနဲ့ရယ်သံတွေကထွက်လာတယ် ။
အား!  မကောင်းတဲ့ကောင်တွေ ။ လှည့်ကြည့်လာတဲ့
ကိုကိုကလဲ မအိပ်နဲ့လေ ဆိုပြီး နူတ်ခမ်းလှုပ်ရုံမျှ အပြုံး
လေးနဲ့တွဲပြောလာသည် ။

အရင်လိုတောင် မအိပ်ငိုက်ရဲတော့တဲ့ ဘတ်ဟျွန်းနီရဲ့
ဘဝ ။ တခုခုဆို ဘတ်ဟျွန်းနီကို ကိုကိုနဲ့တိုင်ပြောပြီးစ
နောက်တတ်ကြတာက အကျင့်တွေဖြစ်လာကြပြီ ။

အတန်းဆင်းတော့ စက်ဘီးဒေါက်ကိုဖြုတ်ပြီးစက်ဘီး
ကိုဆွဲထုတ်နေတဲ့ချန်းယောက်တယောက် ဆူပုတ်ပုတ်နဲ့
မတ်တပ်ရပ်နေတဲ့ ဘတ်ဟျွန်းနီကိုကြည့်ပြီး ပြည့်ပြည့်
တင်းတင်းပါးမို့မို့လေးကို အသာအယာဆွဲလိမ်လိုက်
သည် ။ ဆူပုတ်ပုတ်ရုပ်ကလေးနဲ့ မျက်လုံးလှန်ကြည့်
လာပြီး ချန်းယောလ်ရဲ့လက်မောင်းရင်းကို လက်သီးနဲ့.
လာထိုးတော့သည်  ။ စိတ်ကောက်နေတာလား အဆိုး
အသွမ်းလေးက ။ ကောက်တော်မူနေပြန်ပြီလား ။

|| My Boyfriend is tall and smart ||Where stories live. Discover now