|| N I N E ||

5.7K 851 69
                                    

____
My Boyfriend is tall and smart

____________________________________

ဒီက​နေ့ ​ကျောင်းအပြန်​မှာ ကိုယ့်​​ကျောပြင်​ကို ​ခေါင်းမှီ
ရင်း  ငြိမ်​ငြိမ်​​လေး  ထိုင်​ပြီးပါလာတဲ့ ဘတ်​ဟျွန်းနီ
ကြောင့်​  စိတ်​ထဲမှာ ပြာယာခတ်​မိပြန်​သည်​ ။ သည်​က
နေ့ မိန်းက​လေးတ​ယောက်​ယောက်​နဲ့များ စကားပြာမိ
လေသလားလ်ို့ ကိုယ့်​ကိုကိုယ်​ ပြန်​ဆန်းစစ်​မိသည့်​အထိ
ဟင့်​အင်း  ။  ကိုယ်​  ဒီ​နေ့ ဘတ်​ဟျွန်းနီ မကြိုက်​တာ
ဘာမှမလုပ်​မိ​ပါ  ။ ဘာဖြစ်​​နေတာလဲ ဘတ်​ဟျွန်းနီရဲ့ ။

" ဘာဖြစ်​​နေတာလဲ ဘတ်​ဟျွန်းနီ "

စက်​ဘီးအရှိန်​​လျော့လိုက်​ပြီး အ​နောက်​ကို ​ခေါင်းလှည့်
ကာ စိုးရိမ်​စိတ်​နဲ့အ​မေးအမြန်းပြုရ​တော့သည်​ ။ တကယ့်​ကိုမှ တိတ်​တိတ်​က​လေးငြိမ်​​နေတဲ့ အဆိုးအ
သွမ်း​လေး   ဘာဖြစ်​​နေတာပါလိမ့်​ ။ စိတ်​ မ​ကျေနပ်
စရာ တခုခုရှိ​နေလို့လား ။ 

" မသိဘူး   ​နေလို့မ​ကောင်းဘူး "

အသံက တိုးတိုး​လေး  ။  ချန်း​ယောလ်​ ဘရိတ်​ညစ်
လိုက်​ပြီး စက်​ဘီး​ပေါ်က ဆင်းလိုက်​တယ်​ ။ ​နောက်​ခုံ
မှာ ပါလာတဲ့ ဘတ်​ဟျွန်းနီက မျက်​နှာခပ်​ဆူဆူပုတ်​ပုတ်
လေးနဲ့ ချန်း​ယောလ်​ကို  ​မော့ကြည့်​လာသည်​ ။ ဟို
တ​လောကမှ ဆံပင်​ညှပ်​ပြီး  အ​ရောင်​ဆိုးထားလို့
ဘတ်​ဟျွန်းနီပုံစံ​လေးက က​လေး​လေးလို ချစ်​စရာ​လေး။
ဆံပင်​အ​ရောင်​ဆိုးလိုက်​တုန်းက စိတ်​တိုမိခဲ့​ပေမဲ့ ချစ်​စရာ​ကောင်း​နေ​လေ​တော့  စိတ်​မဆိုးရက်​ခဲ့ ။

"  ကိုယ်​လဲ မပူပါဘူး "

နဖူးပြင်​​ပေါ် လက်​ဖဝါးတင်​ပြီး စမ်းကြည့်​လိုက်​​တော့လဲ
ကိုယ်​ကမပူ ။ ဘာ​တွေများ  မအီမသာဖြစ်​​နေပါလိမ့်​ ။
ဒီလိုပုံစံ​လေး ဖြစ်​​နေတာက ခပ်​ရှားရှားရယ်​  ။

" မသိဘူး   ဘတ်​ဟျွန်းနီ ​နေလို့မ​ကောင်းဘူး  "

|| My Boyfriend is tall and smart ||Where stories live. Discover now