အပိုင်း-၃(အပိုငျး-၃)

8.6K 815 20
                                    

Zawgyi

အဖြူ​ရောင်​တိမ်​လုံး​လေးအနားကို အနီ​ရောင်​ကျူးလစ်​ပန်း​တွေအလှဆင်​​ပေးမယ်
သိတယ်​မလားအချစ်​က​လေး
အနီ​ရောင်​ကျူးလစ်​က ပြီးပြည့်​စုံတဲ့အချစ်​တဲ့​လေ

•••••••••••••••

"တိတ်​​တော့​​ ချန်​ရယ်​ ​နော်​"
"ဟင့်​ ​နစ်​ခ်​က နစ်​ခ်​က ချန့်​ကို မထားခဲ့ဘူး ဟင့်​"
"မထားခဲ့ပါဘူးကွာ တိတ်​တိတ်​"
"အဲ့ဒါကို အင့်​ အဲ့ဒါကို"

ကုမ္ပဏီအ​ပေါ်ဆုံးထပ်ခိုး ရှိ ထိုင်​ခုံတန်း​လေးမှာ ထိုင်​ရင်း အငိုမပြတ်​​သေးတဲ ချန်​​ယောလ်​ ကို ထိုင်​​ချော့​နေတဲ့ ဂျွန်​​မြောင်​။

ငိုလိုက်​ လူကိုဖတ်​လိုက်​နှင့်​ အဆိုး​လေးက နှာရည်​တစ်​ချို့ကိုပါ လာလာသုတ်​ဖို့လုပ်​​နေတာ​ကြောင့်​ ဂျွန်​​မြောင်​ လက်​ကိုင်​ပဝါကို အမြန်​ထုတ်​လိုက်​ရသည်​။

"မငိုနဲ့​တော့ ချန်​​ယောလ်​ရာ ​ခေါင်း​တွေကိုက်​​ကုန်​​တော့မှာပဲ ကျစ်​"
"ဟင့်​ အဟင့်​ အဲ့လူက ဘာလို့ ဒီကိုလဲ!!! အမ်းးးးး"
"ဘတ်​ဟျွန်း? ကိုကို့သူ​ဌေး​လေ"
"ဟမ်​!"

ရင်​ခွင်​ထဲက ​ထွက်​ကာ မျက်​ရည်​​တွေကို လက်​ဖမိုးနဲ့ပွတ်​သုတ်​ပစ်​ရင်း နားမလည်​သလိုကြည့်​လာတဲ့ ချန်​​ယောလ်​​။

"ဒါဆို အင့်​ ကိုကိုက သူ့ဆီမှာ အလုပ်​လုပ်​​နေတာ​ပေါ့!"

ငိုတာရပ်​သွား​ပေမဲ့ ရှိုက်​သံ​တွေက​တော့ ကျန်​​နေဆဲ။

ဂျွန်​​မြောင်​ ​ခေါင်းငြိမ့်​ပြလိုက်​​တော့ မျက်​နှာ​လေးက ပြန်​မဲ့သွားကာ ​ခေါင်း​လေးငုံ့သွား​လေရဲ့။

"ဘာဖြစ်​လို့လဲ ချန်​​ရယ်​ ဟမ်​"
"ချန်​က စကား​ကောင်း​ကောင်းမ​ပြောခဲ့ဘူး ဂျွန်​ဂျွန့်​ သူ​ဌေးကို အဟင့်​ ဂျွန်​ဂျွန်​ အလုပ်​ပြုတ်​​တော့မှာလားဟင်​"

ပေါက်​တတ်​ကရ​အ​တွေး​လေးက​တော့ မပါမဖြစ်​။

ဂျွန်​​မြောင်​ ချန်​​ယောလ်​ မျက်​နှာ​ပေါ်က မျက်​ရည်​​တွေကို လက်​ကိုင်​ပဝါနဲ့ ​သေချာသုတ်​​ပေးလိုက်​ပီး

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now