အပိုင်း-၃၈(အပိုငျး-၃၈)

4.9K 529 100
                                    

Zawgyi

ချန်​​ယောလ်​ပြန်​​ပေးဆွဲခံရပီး ၆နာရီအကြာ. . .

ဗြောင်​အိမ်​​​တော်​ထဲစု​နေတဲ့ လူ​တွေက နဲနဲ​နော​နောမဟုတ်​။
အိမ်​ရှင်​သခင်​ ဘတ်​ဟျွန်း ၊ ထို​င်​မရထမရဖြစ်​နတဲ့ ဂျုံအင်​  ၊ ဘတ်​ဟျွန်းတပည့်​​တွေ ၊ ရီရှင်း နဲ့ အထူးတပ်​ဖွဲ့ကလူနှစ်​​ယောက်​။

ချန်​​ယောလ်​ရှိမဲ့ဦးတည်​ရာကို အသည်းအသန်​ ရှာ​နေတဲ့လူ​တွေ​ကြောင့်​ ရီရှင်းက ဘတ်​ဟျွန်းကို စိတ်​မပူဖို့ထပ်​​ပြောလာသည်​။

"​အရှင့်​သား"

ရီရှင်း​ဘေးမှာပါလာတဲ့ ရီရှင်းရဲ့အထိန်း​တော်​ကြီး။
ဘယ်​လိုလုပ်​အနားမှာပါလာရသလဲ ဘတ်​ဟျွန်း​မေးမ​နေအား။

"ည​နေစာအတွက်​ပြင်​လိုက်​ရ​တော့မလား"

ရီရှင်းက စိတ်​ပျက်​သလိုမျက်​​မှောင်​ကျုံ့ပြီး ​ခေါင်းခါပြလာသည်​။

အ​ကုန်​အသည်းအသန်​လှုပ်​ရှား​နေကြတုံး အိမ်​ထဲဝင်​လာတဲ့ သူ​ကြောင့်​ မှင်​သက်​ကုန်​ကြသည်​။

"ဂျူ​မြောင်​!"
"ဂျွ​န်​​မြောင်​!"

ဘတ်​ဟျွန်းနဲ့ရီရှင်းအကြည့်​ဆုံသွားပီး အမြန်​ဂျွန်​​မြောင့်​နားသွားလိုက်​ကြတယ်​။
ဂျွန်​​မြောင်​က သူတို့ကိုပြုံးပြလာပြီး မျက်​လုံး​တွေက အိမ်​ထဲ​ဝေ့ဝဲရှာ​နေ​လေရဲ့။

"​ဂျွန်​​မြောင်​"
"​အော ချန်​​ယောလ်​လီ​ကော ကွတ်​ကီး​တွေကျန်​ခဲ့လို့လာ​ပေးတာ"
"​ဘေဘီအပြင်​သွားတယ်​"

ဂျွန်​​မြောင်​က ​ခေါင်းငြိမ့်​ပြလိုက်​ပီး ကွတ်​ကီးဗူးကို ဘတ်​ဟျွန်းကမ်း​ပေးလာရင်း

"ဒါဆို ထိုင်​​စောင့်​လိုက်​မယ်​​"
"ဂျူ​မြောင်​ကိုယ်​​ပြောစရာရှိလို့!"

ဧည့်​ခန်းထဲကိုအဝင်​မခံပဲ အတင်း​ရှေ့က ကာ​နေတဲ့ ရီရှင်း။

"အင်း ​ပြော​လေရှင်း"
"အပြင်​မှာ​ပြောကြမယ်​"
"ရှင်း ဘာလုပ်​. . ."

ဂျွန်​​မြောင့်​ကိုလက်​ဆွဲကာ​အပြင်​​ခေါ်ထုတ်​သွားတဲ့ရီရှင်း ။ မသွားခင်​ ဘတ်​ဟျွန်းကို ​ခေါင်းငြိမ့်​ပြသွား​သေးတာ။

Big Boss And His Mochi [ COMPLETE ]Donde viven las historias. Descúbrelo ahora