အပိုင်း-၃၅(အပိုငျး-၃၅)

5.7K 558 58
                                    

Zawgyi

တစ်​လကြာ​သော်​~

ဒီတစ်​လအတွင်း အဖြစ်​အပျက်​​တွေအရမ်းများခဲ့သည်​။
ဂျွန်​​မြောင်​ နဲ့ဆယ်​ဟွန်းက ဘတ်​ဟျွန်းတို့ကိုခဏခဏလာရှာသည်​မို့ တ​နေရာပီးတ​နေရာ​ပြောင်း​ရွှေ​နေခဲ့ရသည်​။

ချန်​​ယောလ်​ နဲ့ ဂျုံအင်​တို့လဲ အထက်​တန်း​နောက်​ဆုံးနှစ်​စာ​မေးပွဲကို​ဖြေပြီးခဲ့ပြီ။

ချန်​​ယောလ်​ဒဏ်​ရာ​တွေလဲ အရှင်းနီးပါး​ပျောက်​ခါနီးပြီဖြစ်​သည်​။
ဘတ်​ဟျွန်းနဲ့ချန်​​ယောလ်​ ရဲ့ အ​ခြေအ​နေကလဲ အရင်​​လောက်​မဆိုး​တော့ပဲ အ​တော်​တိုးတက်​လာခဲ့သည်​။

ဂျွန်​​မြောင်​နဲ့ရီရှင်းက​တော့ တွဲ​နေပြီလို့သတင်းကြားမိ​သေးသည်​။ ​သေချာ​တော့မသိ။

~~~~

ချန်​​ယောလ်​တို့စာ​မေးပွဲပြီးပြီးမို့ ညစာစားပွဲ​လေးလုပ်​​ပေးဖြစ်​သည်​။

ဘတ်​ဟျွန်းကိုယ်​တိုင်​စီစဉ်​တဲ့ပွဲ​လေးက ​ဗြောင်​အိမ်​​တော်​မှာ ​နောက်​တကြိမ်​ဖြစ်​လာခဲ့သည်​။
လူစုံမဲ့ပွဲလို့လဲ​ပြောလို့ရနိုင်​သည်​ ။ ဘာလို့ဆို ဘတ်​ဟျွန်းက ချန်​​ယောလ်​သူငယ်​ချင်း​တွေအပြင်​ ဂျွန်​​မြောင်​တို့ ဆယ်​ဟွန်းတို့ကိုပါ ဖိတ်​ထားခဲ့တာမို့။

"ဂင်​မ်​ အသားကင်​​တွေပြင်​ထားလိုက်​​တော့"
"ဟုတ်​ကဲ့ ​ဘော့စ်​"

စီစဉ်​စရာရှိတာစီစဉ်​ခဲ့ပီး အိမ်​​ပေါ်တက်​ရပြန်​သည်​။
ရေချိုးခိုင်းထားခဲ့တဲ့ချန်​​ယောလ်​က အခုထိဆင်းမလာ​သေးတာမို့ ဘတ်​ဟျွန်းသွားကြည့်​ရပြန်​သည်​။

အိပ်​ခန်းအ​ပေါက်​ဝမှာကြားလိုက်​ရတဲ့ သီချင်းသံ။
အခန်းထဲ​ခြေတလှမ်းချလိုက်ပြီးဖျတ်​ခနဲ မြင်​လိုက်​တာက အိပ်​ယာ​ပေါ်လှဲအိပ်​​နေတဲ့ အဆိုး​လေး။

ဘတ်​ဟျွန်းကိုလဲမြင်​​​ရော ဖက်​ခနဲ ထထိုင်​ကာ ကုတင်​ကို​ကျောမှီလိုက်​တာများ ခုနလှဲအိပ်​​နေတာ သူမဟုတ်​သလို။

"​ဘေဘီ ပြီးရင်​​အောက်​ဆင်းခဲ့တာမဟုတ်​ဘူးကွာ"

ကုတင်​နားသွားထိုင်​လိုက်​​တော့ အလန့်​တကြားထ​ပြေးဖို့လုပ်​တဲ့ တိမ်​​လုံး​လေး​ကြောင့်​ ဘတ်​ဟျွန်းကမြန်​မြန်​ပဲ လက်​ကိုဖမ်းဆွဲပစ်​လိုက်​​တော့ အရှိန်​နဲ့ ​နောက်​ပြန်​ပစ်​ကြလာ​လေရဲ့။

Big Boss And His Mochi [ COMPLETE ]Opowieści tętniące życiem. Odkryj je teraz