အပိုင်း-၂၂(အပိုငျး-၂၂)

6.6K 544 73
                                    

Zawgyi

"ဟတ်​​ချိ!"

နှာ​ချေသံ​နောက်​မှာ​တော့ ဂျွန်​​မြောင့်​သက်​ပြင်းချသံပါ တဆက်​ထဲထွက်​လာ​လေရဲ့။

"အဲ့ဒါ​ကြောင့်​ ​ရေ​နွေးစပ်​ချိုးဖို့ကိုကိုက​ပြောခဲ့သားပဲ ချန်​ရာ ​န​မော်​နမဲ့နိုင်​လိုက်​တာကွာ"
"ဟာ ဂျွန်​ဂျွန်​ကလုပ်​မ​ပေးခဲ့တာ​လေ ဟတ်​ ဟတ်​ချိ!"

ရုံး​လေးတရက်​​စော​စောသွားလိုက်​မိပါတယ်​ သူ့ကွယ်​ရာ​ရောက်​တာနဲ့လုပ်​ချင်​တာလုပ်​တဲ့ချန်​​ယောလ်​က ​ရေ​အေး​တွေနဲ့မနက်​​စော​စော​ရေချိုးပစ်​လိုက်​တာ ခု အ​အေးပတ်​​ပီးဖျား​နေပီဖြစ်​သည်​။

"ဆယ်​ဟွန်းကလုပ်​မ​ပေးဘူးလား!"

ဂျွန်​​မြောင့်​အသံ​ကြောင့်​ ချန်​​ယောလ်​အဝတ်​​တွေ ဗီရိုထဲထည့်​​ပေး​နေတဲ့ ဆယ်​ဟွန်းက မျက်​​မှောင်​ကျုံ့ကာလှည့်​ကြည့်​လာ​လေရဲ့။
အိမ်​ကိုပြန်​ပြင်​​နေတာမို့ လတ်​တ​လော ဂျွန်​​မြောင်​တို့ဆီ​ရောက်​​နေတဲ့ ဆယ်​ဟွန်း။

"​မေးလိုက်​​လေ ​​ရေ​နွေးစပ်​​ပေးထားတဲ့​ရေ​တွေဘာလုပ်​ပစ်​လိုက်​လဲဆိုတာ"

ဆယ်​ဟွန်းအ​မေး​ကြောင့်​ နစ်​ခ်​ကိုရင်​ခွင်​ထဲဆွဲသွင်း​နေတဲ့ ချန်​​ယောလ်​က သနားစရာ​ကောင်း​တဲ့မျက်​လုံး​လေး​တွေနဲ့ကြည့်​လာရင်း

"အဲ့ဒါကြီးကအရမ်းပူ​နေတဲ့ဟာကို ဆယ်​ဟွန်းနီက သားကိုအပူ​လောင်​​အောင်​လုပ်​​နေတာ"
"အဲ့ဒါနဲ့​ရေအကုန်​​ဖောက်​ချပစ်​ရလား! ချန်​ချန်​ ဖျား​နေတုံး​ကို ရိုက်​ခံ​ချင်​​နေပီထင်​တယ်​"

စိတ်​တိုလွယ်​တဲ့ဆယ်​ဟွန်းက အခုလဲ ​ဒေါနဲ့​မောနဲ့။
တကယ်​က ချန်​​ယောလ်​ကိုသူ​သေချာ​​လိုက်​လုပ်​မ​ပေးလို့ဖြစ်​သွားခဲ့ဆိုပီး သူ့ကိုယ်​သူ​ဒေါသထွက်​​နေ​တာ။

စိတ်​မြန်​လက်မြန်​မလို့ အနားကကြက်​​မွှေးတုတ်​ကိုဆွဲကာ ချန်​​ယောလ်​ရှိရာဆိုဖာအနားကပ်​သွားလိုက်​မိ​တော့ ချန်​​ယောလ်​ရင်​ခွင်​ထဲကနစ်​ခ်​က ခုန်​ထွက်​လာကာ ဆယ်​ဟွန်းကို​ဟောင်​​လေရဲ့။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now