အပိုင်း-၂၇(အပိုငျး-၂၇)

5.3K 525 41
                                    

Zawgyi

ဂျွန်​​မြောင်​တို့ အိမ်​​ရှေ့​ရောက်​မှ ဘတ်​ဟျွန်း​ကောချန်​​ယောလ်​ပါ ဝင်​ဖို့မချင့်​မရဲ ဖြစ်​​နေကြသည်​ အဓိကက ချန်​​ယောလ်​။

"ကိုကိုချန်​​ကြောက်​တယ်​ ဆယ်​ဟွန်းနီက ချန့်​ကိုရိုက်​မှာ"

မျက်​နှာ​ငယ်​​လေးနဲ့ လက်​​မောင်းကိုလက်​ကိုင်​ပီး ​ပြောလာတဲ့ ချန်​​ယောလ်​။ ဘတ်​ဟျွန်း တိမ်​လုံး​ခေါင်း​လေးကိုပုတ်​​ပေးလိုက်​ရင်း စိတ်​​အေး​စေဖို့ပြုံးပြလိုက်​သည်​။

"ကိုကိုရှိ​နေတာပဲ စိတ်​မပူနဲ့​တော့"
"ဟင့်​အင်း​ကြောက်​တယ်​​"
"​ကိုယ်​က ​ဘေဘီ့ကိုအရိုက်ခံခိုင်းမယ်​တဲ့လား ​ပေါက်​ကရ​မ​တွေးနဲ့​တော့ ဝင်​ကြမယ်​"

အိမ်​ဝန်းထဲက​နေတဆင့်​ အိမ်​ထဲဝင်​လိုက်​​​တော့ ဆိုဖာမှာထိုင်​​နေတဲ့ ဂျွန်​​မြောင်​နဲ့ရီရှင်းကို​တန်း​တွေ့သည်​။ ​နောက်​ ဖုန်​စုပ်​စက်​သုံး​ပီးအိမ်​သန့်​ရှင်း​ရေးလုပ်​​နေတဲ့ဆယ်​ဟွန်းကို​ကောမြင်​လိုက်​ရသည်​။

*​နေပါဦးရီရှင်းကဘာလို့​ဒီ​ရောက်​​နေရတာလဲ*

ရုတ်​တရက်​ ​​လှေကားထစ်​​ပေါ်ကဆင်း​ပြေးလာတဲ့နစ်​ခ်​က တအိအိအသံ​ပေးကာ အိမ်​ထဲဝင်​ဖို့လုပ်​​နေတဲ့ချန်​​ယောလ်​ဆီခုန်​တက်​လာ​လေသည်​။

"ဂျွန်​ဂျွန်~"

အသံ​ပေးလိုက်​တဲ့ ချန်​​ယောလ်​​ကြောင့်​ ​တွေ​တွေ​လေးငြိမ်​​နေတဲ့ဂျွန်​​မြောင်​က တအံ့တသြပြန်​ကြည့်​လာကာ ဝုန်းခနဲထလာပြီးအနား​ရောက်​လာ​လေရဲ့။ ဂျွန်​​မြောင်​တင်​လားဆို​တော့မဟုတ်​ ဆယ်​ဟွန်း​ကော။

ဂျွန်​​မြောင်​က ချန်​​ယောလ်​ကို ပခုံးနှစ်​ဖက်​က​နေတင်းတင်းထိုင်​ပြီး ငို​တော့သည်​။

"ချန်​​ယောလ်​လီမင်းလုပ်​လိုက်​တာလဲကွာ"
"ဟင့်​ ဂျွန်​ဂျွန်​"
"ကိုကိုတို့ဘယ်​​လောက်​စိတ်​ပူ​​နေမလဲမ​တွေးမိဘူးလား ချန်​ရာ ဟမ်​ ထားခဲ့တဲ့စာကိုဖတ်​ပြီးကိုကိုဘယ်​​လောက်​ရူးချင်​သွားရလဲသိလား မင်းသိလား! "

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now