"အဲ့ အိမ်က အမအိမ်လေ "
နက်ရှိုင်းလှမ်းကြည့်လိုက်တော့ ကော်ဖီရောင်နှစ်ထပ်တိုက်ပုလေး အိမ်ရှေ့မျက်နှာစာလေးမှာ သစ်ခွပန်းနဲ့ နှင်းဆီပင်လေးတွေ ပိတောက်ပင်ကြီးနှစ်ပင်က အိမ်ကိုအရိပ်မိုးပေးထားသည်။
(အိမ်လေးက ချစ်စရာလေး)
(မ ကြည့်ရတာဆိုင်ကယ်လဲ သွင်းနိုင်မယ်မထင်ဘူး ငါပဲ သွင်းခဲ့ပေးလိုက်ပါမယ်လေ)
"ကျွန်တော်သွားတော့မယ် မ လမ်းထိပ်ကပဲ ကျော်ကြီးကို စောင့်နေလိုက်တော့မယ် "
"နေအုံးလေ ဒီမှာ မင်းဆေးထုတ် "
နက်ရှိုင်းက ပြုံးပြီး
"အဲ့တာ မအတွက်လေ "
နက်ရှိုင်းလမ်းထိပ်ကို လမ်းလျောက်ထွက်လာရင်း ကျော်ရှိုန်းဆီ ဖုန်းဆက်လိုက်သည်။
'အေ ဟျောင့် ငါ တပင်ရွှေထီး လမ်းထိပ်မှာ စောင့်မယ်"
လမ်းထိပ်ရောက်တော့ ကျော်ရှိုန်းပါ လမ်းထိပ်ရောက်လာသည်။
" အကိုရှင်းကို လိုက်ပို့ခဲ့ပြီလား"
"အေးး "
" ဟုတ်လား ငါကသူ့အိမ်ကို သိချင်နေတာကိုကွာ ဒါနဲ့ မင်းဘာဝယ်သေးလို့လဲ"
နက်ရှိုင်းစိတ်ထဲမှပြောလိုက်သည်မှာ
(ဘာမှမဝယ်ဘူးဟေ မင်းသူ့အိမ်ကို သိသွားမှာစိုးလို့မပို့ခိုင်းတာ)♡♡♡♡♡♡♡♡♡♡♡♡
ရှင်း နက်ရှိုင်းပြန်ထွက်သွားသည်အထိ ရင်ခုန်တာမပျောက်သေး
သူက မိန်းကလေးတိုင်းကို အဲ့လိုပဲဆက်ခံတာပဲလား မဟုတ်ပါဘူး မနေ့ညတုန်းကဆို သူဘယ်ကောင်မလေးကိုမှ ကြည့်တာမတွေ့မိပါဘူးး
ငါမမြင်မိတာလား
အာတော်သင့်ပြီ မတွေးတော့နဲ့
ဒါနဲ့ အမေရော
မီးဖိုးချောင်မှာလားပဲ
ရှင်း အိမ်ထဲဝင်လာရင်း အမေ့ကိုလှမ်းခေါ်လိုက်သည်
"မေရေ့ ရှင်းပြန်ရောက်ပြီ"
အာမေ့လို့ ဆေးထုတ်လေး...