လူယောင်ဆောင်တဲ့ နတ်သမီးပုံပြင် အပိုင်း ၁

2.6K 272 9
                                    

ဒီ ဇာတ်လမ်း လေးကတော့... အရင် အ ခေါက်တွေကလို ကြောက်စရာလန့်စရာတွေ Horror မျိုး မဟုတ်ပဲ စိတ်ကူးယဉ် ဆန်ဆန် နဲ့ သိမ်မွေ့ နက်နဲတဲ့ Supernatural Fantasy အမျိုးစားပါနော်။
Snow White နဲ့ လူပုလေး ၇ယောက် ဆိုတဲ့ ချစ်စရာ Fairy tale လေးကို အခြေခံ ရင်းရေးဖြစ်သွားတာပါ။ ဒီထဲမှာတော့ BTS ၇ယောက်ဟာ လူပုလေးတွေတော့ မဟုတ်ကြပါဘူး။ သူတို့ကို BTS အဖွဲ့ဝင် ၇ယောက် အဖြစ်ပဲရေးထားပါတယ်။
ဖတ်ရှုအားပေးကြပါနော် ချစ်တဲ့ စာဖတ်သူ အပေါင်းတို့ရေ...
ဒီဇာတ်လမ်းပါ အကြောင်းအရာများ နှင့် ဇာတ်ကောင်များ (BTS မှလွဲ၍) မှာ စာရေးသူ၏ စိတ်ကူးယဉ် သက်သက် ဖြင့် ပုံဖော်ထားခြင်း သာဖြစ်ပါကြောင်း။

"လူယောင်ဆောင်တဲ့ နတ်သမီး  ပုံပြင်''
BTS fanfic// Supernatural Fantasy

အပိုင်း ၁

နှင်းပန်း တောင်စောင့် နတ်သမီး Yuri ဟာ သူမရဲ့ ပုလ္လင်ပေါ်မှာ ငိုက်မြည်းနေတယ်။ သူမ အနေနဲ့ တောင်စောင့် နတ်သမီးဖြစ်နေခဲ့တဲ့ သက်တမ်းဟာ နှစ်ပေါင်း ရာချီနေပြီ မို့ သူမ နာမည် Yuri ဆိုတာကလွဲလို့ အခြား လူ့ဘဝက မှတ်ဥာဏ်တွေကို သတိမရတော့ဘူး။ သူမရဲ့ ရုပ်ရည် အဆင်းကတော့ အသက် ၂၀ အရွယ် ပုံစံကနေ ဘယ်တော့ မှ မအိုမင်းသွားပဲ အမြဲနုပျို ချောမောနေတယ်။
သူမဟာ... ဆူဆူညံညံ အသံတချို့ကြောင့် အိပ်ငိုက် နေရကာ နေမျက်လုံးတွေ ပြူးကျယ် လာတယ်။
သူမ နေတဲ့ လိုဏ်ဂူဝကနေ ထွက်ကြည့်တော့ သူမနဲ့ အသက်ရွယ် မတိမ်းမယိမ်း ထင်ရတဲ့ ကောင်လေး ၇ယောက်ဟာ တောင်အောက်ခြေ
မှာ ပျော်ပွဲစထွက်ရင်း ကြက်တောင်ရိုက်ရင်း အော်ဟစ် ငြင်းခုံ ဆူညံနေတယ်။
(BTS Run က သူတို့ ပျော်ပွဲစား ထွက်ပြီး ကြက်တောင်ရိုက်တဲ့ အပိုင်းလေးကို မြင်ယောင်
ကြည့်ပါ။)
သူတို့ ပျော်ရွှင်စွာ အော်ဟစ် ကစားနေတာ မြင်ပြီး သူမပါရောယောင်ရယ်မောမိတယ်။
"ဟိ ဟိ ဟိ..'' သူမ ဒီလို မရယ်ပြုံးဖြစ်တာ နှစ်ပေါင်း ဘယ်လောက်တောင်ကြာနေပြီလဲမသိတော့ဘူး။ သေချာတာကတော့ သူမ နတ်သမီး သတ်တမ်းတလျှောက်လုံး မပြုံးရယ်မိတာလဲ ဖြစ်နိုင်တယ်။

"Yuri နတ်သမီးလေး..ငါ့မြေးတော်လေးက.. အရမ်းသဘောကျနေတယ် ထင်တယ်။ '' တောင်ပိုင်ဘိုးဘိုးက သူမ အနားလာရပ်ပြီး ပြောလာတာကြောင့် သူမ ခေါင်းညိမ့်မိတယ်။

The Night Cruise (BTS Horror Stories) Where stories live. Discover now