Stay (Part 2)

1.6K 257 1
                                    

Stay..
အပိုင်း ၂

အခုတော့ သူတို့ ယောက်လုံးထမင်းစားခန်းမှာ ထိုင်ရင်း ကော်ဖီသောက်နေကြတယ်။ Hoseok နဲ့ Taehyung ကတော့ အခုမှ မနက်စာ အဖြစ်ပါလာတဲ့ အသင့်စား ခေါက်ဆွဲဗူးတွေကို ရေနွေးဖြော ပြီးစားနေကြတယ်။အားလုံးအတွေး ကိုယ်စီနဲ့ တိတ်ဆိတ် နေတုန်းPark Jimin က စပြီး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အခုတော့ သူတို့ ယောက်လုံးထမင်းစားခန်းမှာ ထိုင်ရင်း ကော်ဖီသောက်နေကြတယ်။ Hoseok နဲ့ Taehyung ကတော့ အခုမှ မနက်စာ အဖြစ်ပါလာတဲ့ အသင့်စား ခေါက်ဆွဲဗူးတွေကို ရေနွေးဖြော ပြီးစားနေကြတယ်။
အားလုံးအတွေး ကိုယ်စီနဲ့ တိတ်ဆိတ် နေတုန်းPark Jimin က စပြီး...
"တကယ်တော့ ..ဒီအိမ်ကြီးရဲ့ ပထမဆုံး ပိုင်ရှင် Park Joon Woo ဆိုတာ ကျနော့် အဘိုးရဲ့ ညီ.. ကျနော့် ဘိုးလေးတော်တာပေါ့.. သူတို့ မိသားစုက... ကျနော်တို့ မျိုးရိုးစဉ်ဆက်မှာ ပျောက်ဆုံးနေတဲ့ တခုတည်းသောမိသားစု ဆိုလဲ မမှားဘူး..''

"အဲ့ဒါ ဘာကို ဆိုလိုတာလဲ Park Jimin?'' Hoseok က နားမရှင်းလို့မေးလိုက်တော့...

"ဒီလိုပါ.. Park Joon Woo မှာ သူ့ မိန်းမရယ် သားသမီးတွေရယ်ရှိဖူးပေမဲ့ ကျနော်တို့ တောင် အသေချာမသိခဲ့ဘူး... ကျနော့် အဘိုးနဲ့လဲ သူက အဆက်ဆံမရှိခဲ့ဘူး... ဒါကြောင့် Park Joon Woo တနေ့ ပျောက်ဆုံး သွားပြီး သူ့မိန်းမက သူမကိုယ်သူမ.. သတ်သေသွားတယ်လို့ ကြားတယ်..သူတို့ သားသမီးတွေဆိုတာကတော့ သတင်းအစနတောင်မကြားတော့ဘူး..အဲဒီ အချိန်က စပြီး နောက်ပိုင်း Park မျိုးရိုးထဲက သက်ဆိုင်သူတချို့က ဒီအိမ်ကြီးကို အိမ်ရှင် အဆင့်ဆင့်ကို ရောင်းခဲ့တယ်။'' Jimin ကိုယ်တိုင်ကို က သူ့စကားနဲ့သူ ပြန်စိတ်ရှုပ်နေပုံပဲ။ သူကိုယ်တိုင် တောင် ရေရေရာရာ နားလည် ပုံမပေါ်ဘူးလေ။ ပြီးတော့မှဆက်ပြီး...
"နောက်ဆုံး ဒီအိမ်မှာ နေသွားတာကတော့ မကြာသေးခင်ကမှ အမှုခင်းဖြစ်ခဲ့တဲ့ Kwon မိသားစုပဲ။ ဒါမတိုင်ခင်လဲ မိသားစု အဆက်ဆက်နေခဲ့ပေမဲ့ အကုန်တယောက်နဲ့တယောက်သတ်ရင်းနဲ့ သေကုန်တယ်။ ဒါဟာ မကောင်းဆိုးဝါး စီးတာကြောင့်လို့ လူပြောများနေကြတဲ့ အဓိက အကြောင်းရင်းပဲ...''
"ဒုန်း!''' ဒီအချိန် မှာ ထမင်းစား ခန်းရဲ့ တံခါး ဟာ လေမတိုင်ပါပဲ ဒုန်းခနဲ ဆောင့်ပိတ်သွား တော့တယ်။ သူတို့ အားလုံးလဲ တယောက် မျက်နှာ တယောက်ကြည့်ရင်း ကြောင် အ အ ဖြစ်သွားကြတယ်။

The Night Cruise (BTS Horror Stories) Where stories live. Discover now